အရှိအတိုင်းလက်ခံပြီးချစ်ပေးတဲ့သူကြောင့် ကျေနပ်ကြည်နူးနေတဲ့ ချမ်းချမ်း

Posted on

Melody World ပြိုင်ပွဲကပြီးတော့ ပရိသတ်တွေသိလာပြီး နာမည်ကျော်အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေသူကတော့ ချမ်းချမ်းပါ။ ချမ်းချမ်းကတော့ ထူးခြားကောင်းမွန်တဲ့အသံလေးနဲ့ ပရိသတ်တွေအကြိုက်သီချင်းများစွာကို ထွက်ရှိထားသူတစ်ယောက်ပါ။


ချမ်းချမ်းကတော့ လက်ရှိအချိန်မှာ အရှိအတိုင်းလက်ခံပေးပြီးချစ်ပေးသူတွေကြောင့် ပျော်နေရတဲ့အကြောင်းကို “ဘဝမှာအချစ်ခံရတာလောက်ပျော်စရာ..ပြီးပြည့်စုံတာမရှိဘူးဆိုတာသိလိုက်ပါပြီ…ပြည့်စုံခြင်းစိတ်ချမ်းသာခြင်းဆိုတာ ပိုက်ဆံလဲမဟုတ်..ဂုဏ်ပုဒ်တွေလဲမဟုတ်….သင့်အပေါ်မှာပြန်ရယူလိုသောစိတ်အလျဉ်းမရှိပဲ..သင့်ကိုချစ်နေရရင်ပျော်နေ..ပြည့်စုံနေတယ်လို့ခံစားရသူ…သင်သူ့အနားမှာရှိနေယုံနဲ့ သူ့တနေ့တာပြည့်စုံနေတတ်သူ…ကိုယ်မျက်နှာတချက်ပျက်မှာစိုးရိမ်တတ်သူ…အချိန်နဲ့အမျှ သတိတရရှိကြောင်းစာတေပို့..ဖုန်းတေဆက်တဲ့သူ…ကဲ..ဘာလိုသေးလဲ..လူ့ဘဝဟာတိုတိုလေးပါ..သင်ချစ်တဲ့သူ..သင့်ကိုချစ်တဲ့သူကို I love you …လို့ပြောဖို့မဝန်လေးပါနဲ့….

အချိန်ဆိုတာပြန်မရပါဘူး..တစ်မိနစ်အတွင်းသင်ဘာဖြစ်မယ်ဆိုတာမသိနိူင်တဲ့အတွက် နောင်တဆိုတာမရှိပါစေနဲ့…ချစ်ခြင်းမေတ္တာအပြည့်နဲ့ ချစ်ခြင်းခံရပြီးနောက်…ဘဝကိုကျေးဇူးတင်တယ်..အရာရာကို ရင်ဆိုင်ဖို့ အားတေရှိလာတယ်..ကမ္ဘာကြီး မှာကိုယ့်ကိုလိုအပ်တဲ့သူဂှိနေသေးတယ်ဆိုတာသိခွင့်ရလို့…ကျမလို..ဘာဘွဲ့..ဘာမျိူးရိုး..ဘာကြွယ်ဝမှူမှမရှိတဲ့ မိန်းမတယောက်ကို သေမတတ်ချစ်ပေးတဲ့အတွက်..thank u ပါနော်…ချမ်းသာမှ မျိုးဂုဏ်ရှိမှပေါင်းတဲ့သူတေနဲ့ဟန်ဆောင်နေထိုင်ရတာထက် ကိုယ်ဘယ်လိုပဲဖစ်ဖြစ်အရှိအတိုင်းလက်ခံပေးတဲ့မိတ်ဆွေ..အပေါင်းအသင်း သူငယ်ချင်းတေအားလုးံကိုနေ့စဉ်နဲ့အမျှကျေးဇူးတင်ဆုတောင်းပေးပါတယ်..အားလုးံသာယာသောနေ့လေးဖြစ်ပါစေ…” ဆိုပြီးတော့ ရေးသားထားတာပါ။


လူတော်တော်များများကတော့ ဘဝမှာအဆင်ပြေအောင်လို့ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ နေကြတာလည်း ဖြစ်ပါတယ်။ ဟန်ဆောင်မှုတွေမရှိဘဲ အရှိအတိုင်းချစ်ပေးတဲ့သူတွေရှိတာကတော့ တကယ့်ကိုကံကောင်းတယ်လို့ ဆိုရမှာပါ။ ချမ်းချမ်းကတော့ အရှိအတိုင်းလက်ခံပြီးချစ်ပေးသူတွေကြောင့် ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။
Source : ChanChan