သားလေး ချစ်ချစ်တုန်ရဲ့ မွေးနေ့မှာ ရှင်ဆေကိန္ဒရဲ့တရားပေးအလှူလေးပြုလုပ်ခဲ့တဲ့ အာဇာနည်တို့မိသားစု

Posted on

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ သာယာတဲ့မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ သားလေး နှစ်ယောက်နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ ။

ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ ကတော့ သားအလတ်တလေးဖြစ်တဲ့ ချစ်ချစ်တုန်ရဲ့ မွေးနေ့လေးဖြစ်ပြီး ချစ်တဲ့သားလေးရဲ့ မွေးနေ့ပွဲလေးကို ဘုန်းဘုန်း ရှင်ဆေကိန္ဒက ကြွရောက်တရားပေးခဲ့ပြီး တရားပေးအလှူလေးတစ်ခု မိသားစုနဲ့အတူ ပြုလုပ်ခဲ့ကြပါတယ် ။ မွေးနေ့တရားပေးပုံရိပ်လေးတွေကိုလည်း အာဇာနည်က လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။

ပရိသတ်တွေကချစ်တော့ ချစ်ချစ်တုန်လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပြီး တရားပေးအလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ Happy Birthday ပါ ချစ်ချစ်လေးရေ မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာထိ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး လိမ္မာရေးခြားရှိတဲ့သားလိမ္မာလေးဖြစ်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : R Zar Ni
Emily (Cele Gabar)