မိုးယုစံကတော့ Miss Now How အဖြစ်ကနေ နာမည်ကျော်မော်ဒယ်လ်၊မင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေရင်ထဲကို ရောက်ရှိလာခဲ့သူပါ။ လက်ရှိမှာလည်း ပျော်ရွှင်သာယာနေတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သားလေးတစ်ယောက်ကို မွေးဖွားထားတာလည်း ဖြစ်ပါတယ်။
မိုးယုစံကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုကို ပရိသတ်တွေကိုမကြာခဏဝေမျှလေ့ရှိတာဖြစ်ပြီး အခုဆိုရင် သားချောလေးဖြစ်တဲ့ ကောင်းသိင်္ဃမိုးသူရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို မျှဝေခဲ့တာပါ။ သံဃာတော်တွေကို ဆွမ်းလောင်းလှူဒါန်းနေတာအချိန်မှာ သားဖြစ်သူက မုန့်ပုံးလေးကို ကိုင်ပြီးတော့ ရပ်နေတဲ့ပုံလေးကို မျှဝေခဲ့ပြီး ” ဒီပုံလေးကိုချစ်လို့ /သားသားလေးကအားကိုးရတယ် မုန့်ဘူးကိုသေချာလေးမ နိုင်တယ် လူကြီးလေးကျနေတာပဲ /ချစ်ဆုံး သည်းလေ” ဆိုပြီးရေးသားခဲ့တာပါ။
မြန်မာလူမျိုးတွေကတော့ သံဃာတော်တွေကို အခုလိုဆွမ်းကပ်လှူဒါန်းကြတာဟာ ချစ်စရာကောင်းတဲ့ အလေ့အထလေးဖြစ်ပြီး တကယ့်ကိုြက်ည်နူးစရာလည်း ဖြစ်ပါတယ်။ မိုးယုစံကတော့ သားဖြစ်သူရဲ့အလိုက်သိတဲ့ချစ်စရာအပြုအမူလေးကို ကျေနပ်ပီတိဖြစ်နေပြီးပရိသတ်တွေကိုတောင်ပြန်လည်မျှဝေခဲ့တာပါ။ တကယ့်ကို ကြည်နူးစရာလေးပါပဲနော်…
Source : MoeYuSan