ထောင်ဒဏ်ကျခံရာပြန်လည်လွတ်မြောက်လာတဲ့ မေသန်းနုအတွက် ဝမ်းမြောက်ပျော်ရွှင်နတဲ့ ဝင့်ယမုံနိုင်

Posted on

ရုပ်ရှင်သရုပ်ဆောင်မေသန်းနုကတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်မှာထောင်ဒဏ်တစ်နှစ်ကျခံနေရတာဖြစ်ပြီး မနေ့ကပဲ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ ခြောက်လခန့်အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး အခုလိုပြန်လည်လွတ်မြောက်လာမှုအတွက် မိသားစုအသိုင်းအဝိုင်းသာမကပရိသတ်တွေကပါ ဝမ်းသားပျော်ရွှင်နေကြတာပါ။


ဒီနေ့မှာတော့ မေသန်းနုက မီဒီယာတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး မေးခွန်းတွေကိုလည်း ဖြေကြားခဲ့တာပါ။ မေသန်းနုရဲ့လွတ်မြောက်လာမှုကိုတော့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကတော့ ဝမ်းသာကြည်နူးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မေသန်းနုနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးနဲ့အတူ “တီဆင့်အတွက် အရမ်းဝမ်းသာပါတယ် … မင်္ဂလာအချိန်လေးပါ” ဆိုပြီးတော့ရေးသားထားတာပါ။


မေသန်းနုကတော့ ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကြောင့် အကယ်ဒမီဆုကြီးကို (၅)ထပ်ကွမ်းရရှိခဲ့တာပါ။ အခုဆိုရင်တော့ ထောင်ဒဏ်ကျခံနေရတာက ပြန်လည်လွတ်မြောက်လာပြီဖြစ်တာကြောင့် အနုပညာဖန်တီးမှုတွေမှာ ပြန်လည်မြင်တွေ့ရတော့မယ် ထင်ပါရဲ့နော်…
Source : WintYamoneNaing