အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေ သင်နေတဲ့ စိုးပြည့်သဇင်

Posted on

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ လတ်တလောမှာ အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေသင်နေခဲ့ပါတယ်။ စိုးပြည့်လေးကတော့ အချက်အပြုတ်တွေကို ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်မနေခဲ့ရင် စာဖိုမှုးတစ်ယောက်ဖြစ်မှာပါလို့တောင် ဆိုထားတဲ့အထိ အချက်အပြုတ်မှာ ဝါသနာကြီးတဲ့ သူတစ်ယောက်ပါ။

လစဉ် (၂၉)ရက်နေ့တိုင်းမှာလည်း သံဃာတော်ရှင်သူမြတ်တွေအတွက် ဆွမ်းထမင်း ဆွမ်းဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်လောင်းလှူလေ့ရှိပါသေးတယ်။ အစားအစာတွေကို ဖန်တီးတဲ့ နေရာမှာ ဝါသနာထုံလှတဲ့ စိုးပြည့်လေးကတော့ လတ်တလောမှာ အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေကိုပါ ထပ်မံသင်ယူနေတဲ့အကြောင်း သူ့ရဲ့My Day ကနေ ဖော်ပြလာခဲ့ပါတယ်။

အစားအစာတွေကိုဖန်တီးရတာဝါသနာပါတဲ့ စိုးပြည့်လေးကတော့ အစ်မဖြစ်သူဆီကနေ မုန့်လုပ်နည်းတွေသင်နေရလို့ပျော်ရွှင်နေခဲ့ပြီး အစ်မဖြစ်သူ စိုးမြတ်နန္ဒာကလည်း ညီမလေးကို သေသေချာချာသင်ပေးနေပါတယ်။ CeleGabar ပရိသတ်ကြီးတွေရော ဒီလိုချစ်စရာကောင်းတဲ့ အစ်မတွေ ညီမတွေကို ပိုင်ဆိုင်ထားလား။

Chilli – CeleGabar
Source – Soe Pyae Thazin