မိခင်ကွယ်လွန်တာ (၈)နှစ်ပြည့်အတွက်ရည်စူးပြီး နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ စိုးသူ

Posted on

တခေတ်တခါက ပရိသတ်တွေအသည်းစွဲ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် သရုပ်ဆောင် ဆိုးသူကတော့ အသက် (၅၀) ကျော်လာပြီးနောက်ပိုင်းမှာ တရားဓမ္မတွေကိုလေ့လာရင်း အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်နေတာတွေ့ရပါတယ် ။ ဒီနေ့ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

၁၆ရက်နေ့ ဇန်နဝါရီ ၂၀၁၃ မှာကွယ်လွန်သွားခဲ့တဲ့ စိုးသူရဲ့ မိခင်ဟာ ဒီနေ့ ၁၆ ရက်နေ့ ဇန်နဝါရီ ၂၀၂၁ မှာ ကွယ်လွန်ခဲ့တာ (၈) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ကွယ်လွန်ခဲ့တာ (၈) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကျေးဇူးရှင်မေမေဒေါ်ခင်သူဇာ အတွက် ရည်စူးပြီးနေ့ဆွမ်းအလှူတော် ကုသိုလ်ပြုခဲ့တဲ့အကြောင်းကို အလှူပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဒီအလှူလေးကိုတော့ အဆိုတော် သရုပ်ဆောင် စိုးသူနဲ့အတူ သူငယ်ချင်းဖြစ်သူ ဦးကောင်းစံတို့က အတူတူလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ် ။ စိုးသူရဲ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Soe Thu
Emily (Cele Gabar)