ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ပရဟိတ စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို အလှူအတန်းတွေပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ် ။
လတ်တလောမှာတော့ Sinon တစ်ယောက် လမ်းမပေါ်ကပန်းရောင်းတဲ့သူ တွေ အဖြစ် ခဏတာ သရုပ်ဆောင်ခဲ့ပါတယ် ။သူတို့ မိသားစုကိုကျွေးမွေးဖို့ သူတို့ဘယ်လောက် အလုပ်ကြိုးစားလည်းဆိုတာပီးတော့ ဘယ်လောက်ရိုးသားလည်းဆိုတာ ကျွန်တော် နားလည်နိုင်ပါပြီ ဆိုတဲ့စာသားလေးနဲ့အတူ ကိုယ်တိုင် ကားလမ်းမပေါ်မှာ ပန်းရောင်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။
ကျွန်တော်သူတို့အပေါ်မှာ လုံးဝလေးစားပါတယ်။ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ဘဝကို ရှင်သန်နေလို့…..ကျေးဇူးတင်ပါတယ် လို့လည်းရေးသားဖော်ပြထားပါသေးတယ် ။ ပရိသတ်တွေကတော့ Sinon ရဲ့ ကိုယ်ချင်းစာ တရားလေးအတွက် လေးစား ဂုဏ်ယူကြောင်းမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။
Source : Sinon
Emily (Cele Gabar)