ခိုကိုးရာမဲ့စစ်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအတွက် ရည်ရွယ်ထားတဲ့သီချင်းလေးမှာအားဖြည့်ပါဝင်သွားမယ့် ဘင်ဂျမင်နဲ့ယောကီး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ဘင်ဂျမင်ဆုမ်းနဲ့ ယောကီးတို့ (၂)ယောက်ကတော့ လက်ရှိမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ကြိုးစားနေကြပါတယ်။ လတ်တလောမှာတော့ ဘင်ဂျမင်နဲ့ယောကီးတို့နှစ်ယောက်က ခိုကိုးရာမဲ့စစ်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအတွက် ရည်ရွယ်ထားတဲ့သီချင်းလေးမှာအားဖြည့်ပါဝင်သီဆိုသွားဖို့ရှိနေပါသေးတယ်။

သီချင်းလေးရဲ့ နာမည်ကတော့ “STOP” လို့ နာမည်ပေးထားပြီး မြန်မာတစ်ပြည်လုံး (အထူးသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့)ရှိ ခိုကိုးရာမဲ့ စစ်ဘေးသင့် ပြည်သူများ နှင့် ကလေးငယ် များအတွက် ရည်ရွယ် ပုံဖော်ထားသော သီချင်း(MV)တစ်ပုဒ် ဖြစ်ပါသည်။ သီချင်းလေးကိုတော့ ဘင်ဂျမင်၊ယောကီးတို့အပြင် နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ ဆုန်သင်းပါရ်တို့နဲ့အတူ Timmy၊ အိုက်ရှိန်၊ မင်းလောင်း၊ Jenevy၊ စနိုး_မေရီ တို့ကလည်း ပါဝင်အားဖြည့် သီဆိုသွားမှာပါ။

သီချင်းလေးမှာ သရုပ်ဆောင်တွေအနေနဲ့တော့ အကယ်ဒမီ ကျော်သူ၊ ထွန်းကိုကို နဲ့ William တို့က ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ခိုကိုးရာမဲ့စစ်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအတွက် ရည်ရွယ်ထားတဲ့သီချင်းလေး ဖြစ်တာကြောင့် ထွက်ရှိလာရင် အားပေးကြပါဦးနော်။

Chilli – CeleGabar
Source – Min Laung