(၁၇) ကြိမ်မြောက် အောင်ဘာလေထီပေါက်လို့ ပျော်နေတဲ့ စိုင်းဆိုင်မောဝ်

Posted on

ရှမ်းတိုင်းရင်းသားလေး စိုင်းဆိုင်းမောဝ်ကတော့ အသံချိုချိုလေးနဲ့ တေးသီချင်းကောင်းများစွာကို သီဆိုပုံဖော်ခဲ့သူတစ်ယောက်ပါ။ ယနေ့အချိန်ထိလည်း နေရာယူထားနိုင်စဲ သူ့ရဲ့သီချင်းတွေကိုတော့ ပရိသတ်တွေလည်း သဘောကျခဲ့ကြမယ် ထင်ပါတယ်နော်။

သူကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် တေးသီချင်းတွေမသီဆိုနိုင်တော့ပေမယ့် ချစ်ရတဲ့မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဇနီးဖြစ်သူခေးလားမိုးကတော့ စီးပွားရေးတစ်ခုအနေနဲ့ အောင်ဘာလေထီရောင်းချနေတဲ့အပြင် စိုင်းဆိုင်မောဝ်ကို အားပေးချစ်ခင်နေတဲ့ ပရိသတ်တွေအတွက်လည်း တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ စိုင်းဆိုင်မောဝ်ရဲ့ပုံရိပ်လေးနဲ့အတူ “ခုမှသူထိုးထားတာလေးပြလို့ တိုက်ကြည့်တာ ဂ ၈၈ နဲ့ (၅) သောင်းရလို့ ပျော်နေရှာ” ဆိုပြီး ထီပေါက်လို့ပျော်နေတဲ့ စိုင်းဆိုင်မောဝ်အကြောင်း ကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ငါးသောင်းဆုပေမယ့် ပေါက်ဖို့ခက်ခဲတဲ့ အောင်ဘာလေထီဆုမို့ ကံကောင်းတယ်လို့ ဆိုရမှာပါနော်..ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော ထီပေါက်တဲ့သူတွေရှိလား မှတ်ချက်ပေးခဲ့ပါဦး။


Source – Khay Larr Moe
Rainbow- Cele Gabar