ပရိသတ်ကြီးရေ မေလသံစဉ်ဆိုတဲ့ အဆိုတော်မလေးကတော့ မြန်မာသံတေးသီချင်းလေးတွေ နဲ့ ပရိသတ်တွေရင်ထဲကိုရောက်လာတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်ဘမ်လ် ကလည်း ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားခဲ့တာပါ ။လတ်တလောမှာတော့ သီချင်းသစ်လေးတွေ ထွက်ဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ် ။
ဒီနေ့မှာတော့ မေလသံစဉ်တစ်ယောက် သရုပ်ဆောင် နေတိုးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပြီး ပဟေဠိဆန်ဆန် ရေးသားထားတာတွေ့ရပါတယ် ။ လူကြီးကို ချစ်လို့မရဘူးလား ဆိုတဲ့စာသားလေးနဲ့ နေတိုးနဲ့ စုံတွဲပုံလေးကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူမရဲ့ သီချင်းသစ် Music Video လေးကို အရမ်းကိုမျှော်လင့်နေကြပြီဖြစ်ကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ် ။
မကြာသေးမီကမှ တေးသံရှင် အေးမြဖြူနဲ့ Music Video လေးတစ်ခုရိုက်ကူးခဲ့တဲ့ နေတိုးက ဒီတစ်ခါမှာရော မေလသံစဉ်နဲ့ ဘယ်လို Music Video လေးထွက်ရှိလာဦးမလဲ ဆိုတာကို ပရိသတ်တွေ အရမ်းကို ရင်ခုန်နေကြပြီထင်ပါတယ် ။ မေလသံစဉ်ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရော သီချင်းသစ်လေးကို မျှော်လင့်နေကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : May La Thansin
Emily (Cele Gabar)