မယ်သီလရှင်တွေကို (၁၃) နှစ်တိုင်တိုင် အမြဲမပြတ်အလှူဒါနပြုခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ခန့်ညားထည်ဝါတဲ့မြန်မာဖက်ရှင်တွေသာမက ဆန်းသစ်ပြီးပြောင်မြောက်တဲ့လက်ရာတွေကို ဖန်တီးနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ်ရပ်တည်နေနိုင်သူကတော့ ဒီဇိုင်နာမျိုးမင်းစိုးပါ။ သူကတော့ အလှူရေစက်လက်နဲ့မကွာလှူနိုင်လွန်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း “သုဓမ္မမဏိဇောတဓရ” ဘွဲ့ကိုရရှိထားသလို တတ်နိုင်သမျှကို လှူနေတာလည်း တွေ့ရမှာပါ။


မျိုးမင်းစိုးကတော့ ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးနေရပြီး ရရှိသမျှအနုပညာကြေးကိုလည်း ပြန်လည်လှူဒါန်းသူပါ။ အခုလည်း မယ်သီလရှင်တွေကို(၁၃) နှစ်တိုင်တိုင် အမြဲမပြတ် အလှူဒါနပြုလာခဲ့တဲ့အကြောင်းကို “ကျန်တော်ရဲ့ကာလဒါနအလှူလေးပါ အဝေးဖိတ်,အနီးဖိတ် မယ်သီလရှင်တွေအပတ်တိုင်းအစဉ်မပြတ်ဆိုင်ရှေ့မှာလောင်းလှူခဲ့တာ(၁၃)နှစ်တောင်ကျော်ပြီပေါ့” ဆိုပြီးတော့ လှူတန်းနေတဲ့ပုံရိပ်လေးတွေနဲအတူ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားတာပါ။


ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့် အောင်မြင်နေသလို ရရှိထားတဲ့ငွေကြေးတွေကိုလည်း အလှူဒါနပြုရာမှာရက်ရက်ရောလှူတန်းနိုင်လွန်းသူပါ။ တကယ့်ကို စံပြုထိုက်တဲ့လူတစ်ယောက်ပါပဲနော်…
Source: MyoMinSoe