အကယ်ဒမီရွှေကြိုအဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်အနုပညာအလုပ်တွေကိုလုပ်နေတဲ့ ဆောင်းယွန်းစံကိုတော့ ပရိသတ်တွေသိကြမှာပါ။ ရုပ်ရှင်ဇာတ်ကားတွေသာမက ကြေငြာတွေမှာလည်း မြင်ဖူးကြမယ်ထင်ပါတယ်။ ဆောင်းယွန်းစံကတော့ အနုပညာအလုပ်တွေကို ကြိုးစားနေသလို အလှူအတန်းတွေပြုလုပ်ဖို့ကိုလည်း မေ့မထားတဲ့သူတစ်ယောက်ပါ။
ဆောင်းယွန်းစံကတော့ ဘားအံမြို့ကဘိုးဘွားရိပ်သာမှာအလှူအတန်းပြုလုပ်ဖြစ်တဲ့အကြောင်းကို “၂.၇.၂၀၂၀ မွေးနေ့အလှူလေး.. ဒီနေ့ ဘားအံမြို့က ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတို့အတွက် တကိုယ်ရေလိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အလှူငွေ လှူဒါန်းဖစ်ခဲ့တယ်..
ဆောင်းလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမူ့ကို အားလုံးကို အမျှပေးပါတယ်…ဤသို့လှူဒါန်းရသောအကျိုးကြောင့် ဒီနေ့မွေးနေ့မှာ ကျရောက်တဲ့ ဆောင်းအကိုရော ပါဝင်ကူညီကျတဲ့ သူအားလုံးရော အဘိုးအဘွားတွေရော သက်ရှိသက်မဲ့ သတ္တဝါအားလုံး ကျန်းမာချမ်းသာလိုတိုင်းတရပါစေ..သက်ရှည်ကျန်းမာပါစေ…” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။
ဆောင်းယွန်းစံကတော့ ဘားအံမြို့လေးမှာ ကရင်ဝတ်စုံလေးဝတ်လို့ ကြည်ကြည်နူးနူးနဲ့အလှူဒါနပြုခဲ့တဲ့ပုံပါပဲ။ သူ့ရဲ့အလှူပုံရပ်လေးတွေကိုလည်း ပရိသတ်တွေသိအောင် မျှဝေပေးခဲ့ပါတယ်။ နောက်ထပ်နှစ်များစွာ အခုလိုအလှူဒါနတွေကို ပြုနိုင်ပါစေနော်…
Source : SaungYoonSan