ဘာသာရေးလိုက်စားတဲ့သူမ ကိုစံထားပြီး ဘုရားတရားလိုက်လုပ်တဲ့သားသမီးတွေ အကြောင်း ပြောပြလာတဲ့ သက်မွန်မြင့်

Posted on

ချစ်သက်လို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ သရုပ်ဆောင် သက်မွန်မြင့်ကတော့ အကယ်ဒမီရ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူပါ ။ လတ်တလောမှာတော့ ချစ်သက်က သူမကလေးတွေရဲ့ ချစ်စဖွယ်အမူအကျင့်လေး အချို့ကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

 

 

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလို သူမ ၉ ရက် တရားစခန်း( အိမ်ကနေ zoomနဲ့) ဝင်တော့ ကလေးတွေကပါ လိုက်ထိုင်တဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့တာဖြစ်ပါတယ် ။ သက်မွန်ကိုယ်တိုင်လည်း မေမေက ဘုရားတရား အရမ်းလုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီး လုပ်ဖြစ်တယ်.. ကလေးဘဝထဲက မေမေ ပုတီးစိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေသင်ပေးတာ လိုက်လုပ်တာ.. အနုပညာ အလုပ်စ လုပ်တော့လည်း ဘုရားမှ တပါး အားကိုးရာ မရှိခဲ့တော့ ပိုလုပ်ဖြစ်တယ် လို့ ဘာသာရေး လိုက်စားတဲ့ သူမရဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။

 

ခု အလုပ်မလုပ်ရတော့ အိမ်မှာ နေရတဲ့ချိန် ဆရာ ဒေါက်တာ ကေသာဦးရဲ့ သဲအင်းဂူ “သေနည်းသင်” ကိုစိတ်ဝင်စားလို့အိမ်ကနေ တရားစခန်းဝင်ဖြစ်နေတယ်လို့လည်းသိရပါတယ် ။ သေမလိုဖြစ်တုန်းက စိတ်တွေယောက်ယက်ခတ်ခဲ့တဲ့အတွက် ဝေဒနာနဲ့ စိတ်ကို ဘယ်မှာ အာရုံပြုရမလဲဆိုတာ သိချင်နေခဲ့တာ.. ခုတော့ သိခွင့်ရခဲ့ပြီဖြစ်ပြီး ဆက်ပြီး ကျင့်ကြံသွားဖို့ပဲ လိုတော့တာမို့ ကျင့်သားမရရင် ယောက်ယက်က ခတ်ဦးမှာပဲလို့ သူမရဲ့ဘာသာရေးအမြင်လေးကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။

Source : Thet Mon Myint
Emily (Cele Gabar)