အိမ်ထောင်ကျခဲ့ရင် သူမရဲ့ မိခင်လိုမျိုး မိခင်ကောင်း ဇနီးကောင်းပီသပါ့မလားလို့ တွေးနေမိတယ်ဆိုတဲ့ ပန်းရောင်ခြယ်

Posted on

ပရိသတ်ကြီးရေ .. အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ သူမတို့နေတဲ့ (၅) ထပ်တိုက်ကြီးကို သူမ မေမေက engineering တို့ architecture တို့နဲ့ကျောင်းပြီးတာမဟုတ်ဘဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ခဲ့တဲ့အကြောင်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ ပန်းရောင်တို့ သားအဖသုံးယောက်က အနုပညာအလုပ်ကိုပဲ ချစ်ပြီးအားသန်ပြီး စီးပွားရေးပိုင်းကို အားမသန်ကြတဲ့အတွက် မိသားစုထဲမှာ မိခင်ဖြစ်သူ က business mind-set အရမ်းရှိလို့တော်သေးတယ်လို့ ဆိုလာပါတယ် ။

မိခင်ဖြစ်သူက ဂရေဟမ် နဲ့ အိမ်ထောင်ကျပြီး ပန်းရောင်ကိုမွေးတဲ့အချိန်အထိ ၂ ယောက်လုံးက တက္ကသိုလ်ကျောင်းသူကျောင်းသား ဘဝပဲရှိသေးတာဖြစ်ပြီး ဖေဖေ က ဒရမ်တီးပြီး မိသားစုအတွက်ပိုက်ဆံရှာပေးသလို မေမေ ကလဲ မလိုတာမသုံးဘဲ ရှိတဲ့ပိုက်ဆံလေးတွေကို စနစ်တကျသုံးပြီး ၂ ယောက်သားငယ်ငယ်ထဲကအတူ ဘဝကိုကြိုးစားရုန်းကန်ရင်းဖြတ်သန်းလာခဲ့တဲ့ အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ ပန်းရောင်တို့အတွက် ဒီအိမ်လေးဆောက်တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ်ခွဲကို သူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ ဒူးခေါင်းအရွတ်ပါပါးသွားရှာတယ်။ ငယ်ငယ်ထဲက ပန်းရောင်တို့အိမ်ကို ဧည့်သည်လာပြီဆိုရင် “မသဉ္ဇာ ဆောက်ထားတဲ့အိမ်လေးက လှလိုက်တာ” ဆိုပြီးအမြဲကြားရတယ်။ အိမ်လှလှလေးတွေနဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ထင်မိတယ် ဆိုတဲ့စာသားလေးနဲ့အတူ မိခင်ဖြစ်သူရဲ့ ထက်မြတ်လွန်းတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။

 

ပန်းရောင်က အကယ်၍ သူမ အိမ်ထောင်ပြုခဲ့သည်ရှိသော် သူမမေမေ လို ဇနီးကောင်း မိခင်ကောင်း ဖြစ်နိုင်ပါ့မလား ၊ ကိုယ်ရဲ့အချိန်၊ အသိပညာအတတ်ပညာနဲ့ မေတ္တာတွေပေးပြီး ယောင်္ကျားနဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်ထားနိုင်ဖို့၊ ကိုယ့်အလှည့်ကျရင် အဲ့လိုပေးဆပ်နိုင်ပါ့မလားတွေးမိတယ် လို့လည်း သူမရဲ့ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ထုတ်ဖော်ပြခဲ့ပါတယ် ။ ပန်းရောင်တို့သုံးယောက်ရဲ့ ဘဝအတွက် Mummy က တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက် ဒီလိုမိခင်မျိုးရဲ့ သမီးဖြစ်ရတာ အရမ်းဂုဏ်ယူတယ် လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Pan Yaung Chel
Emily (Cele Gabar)