သစ်တံခါးဆရာတော်ရဲ့ သက်တော် (၅၀)ပြည့်မွေးနေ့အတွက် အဓိဌာန်ဝင်မယ့် စမိုင်း

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်ကတော့ ဘုရားတရားအရမ်းလုပ်ပြီး အလှူရေစက်လက်နဲ့မကွာလှူဒါန်းနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သစ်တံခါးဆရာတော်ကြီးကို ကြည်ညိုပြီး မကြာခဏ ဆိုသလို အဓိဌာန်တွေလည်း မကြာခဏ ဝင်လေ့ရှိတာကိုတော့ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။

 

လတ်တလောမှာတော့ သစ်တံခါးဆရာတော်ဘုရားရဲ့ ၆ရက်နေ့မှာကျရောက်မယ့် သက်တော်၅၀ပြည့်မွေးနေ့အတွက်ကောင်းမှုကုသိုလ် လေးတစ်ခုကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ အရဟံသိဒ္ဓိဘဂဝါအောင်တစ်သိန်း အဓိဌာန်လေးကိုမနက်ဖြန် ၂၈ရက်နေ့မှစပြီး ၆ရက်နေ့အထိ ( ၁၀ရက်အတွင်း ) အပြီးစိတ်ရမှာဖြစ် ပြီး ဘုန်းဘုန်းရဲ့ကျင့်စဉ်တစ်ခုဖြစ်တဲ့ အရဟံသိဒ္ဓိဘဂဝါအောင် ရွတ်ဆိုပြီးတိုင်းပုတီးတစ်လုံးချရွတ်ရမှာဖြစ်တဲ့အကြောင်း ပရိသတ်တွေကို စမိုင်းလ်က နိဗ္ဗာန်ဆော်ပေးခဲ့တာဖြစ်ပါတယ် ။

စမိုင်းလ်ကိုယ်တိုင်ကလည်း လူတိုင်းကိုဆယ်မနေတဲ့ဘုန်းဘုန်းအတွက် ဆယ်ဓါတ်ပြည့် ၁၀ရက်တိတိ အဓိဌာန်ပြုကောင်းမှု ကုသိုလ်လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ ပရိသတ်ကြီးအနေနဲ့ အဓိဌာန်ပါဝင်ချင်သူများ မနက်ဖြန် ၂၈ရက်နေ့မှာစမှာဖြစ်ကြောင် းအသိပေးခဲ့ပါသေးတယ် ။

Source : Smile
Emily (Cele Gabar)