မွေးနေ့အလှူလေးအဖြစ် လှိုင်သာယာဆေးရုံကြီးမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မေသန်းနု

ဒီနေ့ ဇန်နဝါရီလ (၂၇) ရက်နေ့ကတော့ မဆင့်လို့ ချစ်စနိုးခေါ်ရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး မေသန်းနုရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့ မွေးနေ့လေးကတော့ မဆင့်ရဲ့ အသက် (၆၀) ပြည့်မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့အမှတ်တရအဖြစ် အလှူအတန်းတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

 

မဆင့်ရဲ့ ဒီနေ့မှာကျရောက်တဲ့ အသက် (၆၀) ပြည့် မွေးနေ့မှာ လှိုင်သာယာဆေးရုံကြီး မှာ ထမင်းဘူး ၁၀၀ နဲ့ ရွှေဆင့်ငပိထောင်း ဘူး ၁၀၀ ကို ကျန်းမာရေး ဝန်ထမ်းများနှင့် မိတ်ဆွေများ ကို အလှူ လေးပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ် ။ ဒီကုသိုလ် လေးကြောင့် ချစ်မိတ်ဆွေများအားလုံး ကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်း များစွာနဲ့ ပြည့်စုံကြပါစေလို့လည်း မဆင့်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

 

အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ မဆင့်ကို ချစ်တဲ့ချစ်ပရိသတ်ကြီးကတော့ မဆင့်အတွက် မွေးနေ့ ဆုမွန်ကောင်းလေးတွေ တောင်းပေးခဲ့ကြပါတယ် ။ Happy Birthday ပါ မဆင့်ရေ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့ မိသားစု ချစ်တဲ့ ပရိသတ်တွေနဲ့အတူ အသက်ရာကျော်ရှည်ပြီး ပျော်ရွှင်စွာနေသွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာ ကဆုတောင်းပေးလိုက်ပါတယ်နော် ။

Source : May Than Nu
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x