Burmese Ghouls အသင်းကိုဂုဏ်ပြုခဲ့တဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတာတွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ J-Fire

Posted on

ပရိသတ်ကြီးရေ Burmese Ghouls အသင်းကိုဂုဏ်ပြုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး သူရေးသားသီဆိုခဲ့တဲ့ ခေတ် သီချင်းနဲ့ ကွဲပြားနေတဲ့အတွက်အတော်လေး အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ် ။ ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို J-fire က ခေတ်သီချင်းသည်အချိန်ကို အကျိုးရှိအောင်အသုံးချဖို့အဓိကပြောခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ Professional Player တွေရဲ့ ကိုယ့်နိုင်ငံကိုယ်စားပြုပြိုင်ပွဲအတွက် ဂုဏ်ယူထိုက်လို့ Postတင်ခဲ့တာ ဖြစ်ပြီး တင်ပြီးတဲ့ အချိန်မှာပဲ နားလည်မှုလွဲစွာ အပြန်အလှန် ဆဲဆိုမှုများ ကြောင့် အကျိုးမရှိဟုယူဆကာ Team နဲ့တိုင်ပင်ပြီး Postအားပြန်လည်ဖြုတ်ချခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ် ။

 

တင်ခဲ့သည့်ပုံကလည်း ပြိုင်ပွဲကျင်းပတဲ့ Moontonကုမ္မဏီ မှ Myanmar National Team ကိုSupport ဖို့ “M2” Instagram Campaign အတွက်ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲမစခင် တစ်ပတ်အလိုက ရိုက်ကူးထားသောပုံဖြစ်တယ်လို့သိရပါတယ် ။ ဒါ့ကြောင့် နားလည်မှုလွဲသည်ဖြစ်စေ နားမလည်ချင်ယောင်ဆောင်သည် ဖြစ်စေ အားလုံးဟာ တစ်နိုင်ငံထဲသားညီအကိုမောင်နှမများသာဖြစ်တဲ့အတွက် အများညီ ဤ ကို ကျွဲ မဖတ်ဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်းများပိုင်ဆိုင်ကြပါစေလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ် ။

 

ဝေဖန်နေတဲ့ ပရိသတ်တွေကိုလည်း မိမိလျှောက်လှမ်းချင်တဲ့ နယ်ပယ်တိုင်းမှာ Pro တစ်ယောက်ဖြစ်ရပ်တည်နိုင်သည်အထိကြီးပွါးတိုးတက်ကြကာ မိသားစုအပေါ်တာဝန်ကျေပြီး နိုင်ငံအတွက် အခွန်များစွာထမ်းဆောင်နိုင်ကြပါစေ ရွှင်လန်းကာစိတ်ချမ်းသာကြပါစေကြောင်းပြန်လည် ဆုတောင်းပေးခဲ့ပါသေးတယ် ။

Source : J-fire
Emily (Cele Gabar)