(၂၀၂၀) City FM award အတွက် ဂီတနယ်ပယ်အသီးသီးမှ Nominations ဝင်ခဲ့ကြတဲ့ အနုပညာရှင်များ

Posted on

ပရိသတ်ကြီးရေ နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပနေကြ ဖြစ်တဲ့ City FM award ဆုပေးပွဲ ကီးကတော့ နီးကပ်လို့လာပါပြီ ။ City FM award တွေထဲမှာ နှစ်စဉ် ပရိတ်သတ်တွေ စိတ်ဝင်စားမှု အမြင့်မားဆုံးဆုတွေကိုတော့ နယ်ပယ်အသီးသီးမှ တေးသံရှင်များက Nominations ဝင်ခဲ့ကြတာကိုတွေ့ရပါတယ် ။

(၂၀၂၀) အတွက် City FM award တွေဖြစ်တဲ့ (၁) ၂၀၂၀ ခုနှစ်အတွင်း တေးသီချင်းတောင်းဆိုခံရမှု အများဆုံးအမျိုးသား တေးသံရှင်ဆု The most popular male vocalist for the year 2020 ဆုကိုတော့ Eternal Gosh အဖွဲ့နဲ့ ဖြိုးမြတ်အောင် ၊ (၂) ၂၀၂၀ ခုနှစ်အတွင်းတေးသီချင်းတောင်းဆိုခံရမှု အများဆုံးအမျိုးသမီး တေးသံရှင်ဆု The most popular female vocalist for the year 2020 ဆုကိုတော့ နီနီခင်ဇော်နဲ့ ချမ်းမြေ့မောင်ချို ၊ (၃) ၂၀၂၀ ခုနှစ်အတွင်း ရေပန်းအစားဆုံး ဂီတမျိုးဆက်သစ် ဆု , Rookie of the Year (2020) ဆုကိုတော့ ယွန်းမြတ်သူ ၊ မိဖူး ၊ မင်းစည်သူ နဲ့ DR ဖြိုးဝေလင်းတို့က Nominations စာရင်းဝင်ခဲ့ကြပါတယ် ။

ပရိသတ်အကြိုက်နဲ့ ထပ်တူညီတဲ့ဘယ်အနုပညာရှင်က (၂၀၂၀) City FM award ဆုကို ရရှိကြမလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲ ပရိသတ်ကြီးရေ ..။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးကရော ဘယ်အနုပညာရှင်ကို ဆုရစေချင်လဲ မှတ်ချက်ပေးခဲ့ကြပါဦးနော် ..။

Source : City FM
Emily (Cele Gabar)