သြစတျေးလျရောက် ရခိုင်မိသားစုက လှူဒါန်းတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်လှူဒါန်းငွေကို လက်ခံခဲ့ရခိုင်တိုင်းရင်းသားအနုပညာရှင်များ

Posted on

ပရိသတ်ကြီးရေ .. အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ နိုင်ငံကျော်အနုပညာရှင်တွေထဲမှာ ရခိုင်တိုင်းရင်းသား အနုပညာရှင်တွေလည်း ပါဝင်နေပါတယ် ။ အက်ရှင်မင်းသား နေထက်လင်း ၊ သရုပ်ဆောင် နေတိုးနဲ့ အဆိုတော် ရတနာမိုင်တို့ကတော့ ရခိုင်တိုင်းရင်းသားအနုပညာရှင်တွေဖြစ်ပြီး ရခိုင်ပြည်အတွက် မကြာခဏ ဆိုသလို လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိကြပါတယ် ။

 

 

လတ်တလောမှာတော့ NSW – lnc မှ ဦးစီးလျက် ဩစတြေလျ နိုင်ငံ Sydney , Melbourne, Brisbane, Canberra သို့ရောက်ရှိနေသော ရခိုင်မိသားစုတို့ က ရခိုင်စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေ သိန်း (၅၀) လှူဒါန်းခဲ့ရာ သရုပ်ဆောင် နေတိုး ၊ နေထက်လင်း နှင့် ရတနာမိုင် တို့က လက်ခံပေးခဲ့တယ်လို့သိရပါတယ် ။ အလှူငွေလက်ခံတဲ့ ပုံရိပ်လေးတွေကိုတော့ ဆယ်လီကမ္ဘာ မီဒီယာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

 

 

ရခိုင်တိုင်းရင်းသား ပရိသတ်တွေကတော့ အခုလို မွန်မြတ်တဲ့အလှူလေးကို ပြုလုပ်ပေးတဲ့ အတွက် လေးစားဂုဏ်ယူကြောင်း နဲ့ အတူ သာဓုတွေ ခေါ်ဆိုခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေလက်ခံပေးခဲ့တဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele gabar)