သူ့နာမည်သုံးပြီး နိုင်ငံရေးနဲ့ ပတ်သက်တာတွေလျှောက်မန့်နေတဲ့ သူကို သတိပေးလိုက်တဲ့ ရွှေပိုးအိမ်

Posted on

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လတ်တလောမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အကောင့်တုတစ်ခုကို Report ထုပေးဖို့ ပရိသတ်တွေကိ အကူအညီတောင်းလာခဲ့ပါတယ်။ ရွှေပိုးကတော့ ရိုးရိုးသားသားနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ။

အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်တာနဲ့အညီ နာမည်တူတွေနဲ့ အကောင့်တုတွေဖွင့်ပြီး ပရိသတ်တွေနဲ့ကြားမှာ အထင်မြင်လွဲမှားအောင် တိုက်ခိုက်တာတွေကိုလည်း ရွှေပိုးတစ်ယောက်ခံနေရပါတယ်။ အခုတစ်ခေါက်မှာလည်း ရွှေပိုးနဲ့နာမည်နဲ့ အကောင့်တုဖွင့်ပြီး နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လျှောက်မန့်နေပြီး ပရိသတ်တွေအထင်အမြင်လွဲမှားအောင်ပြုလုပ်နေတာကြောင့် အကောင့်တုကို Report ထုပေးဖို့ပရိသတ်တွေကိုအကူအညီတောင်းလာတာပဲဖြစ်ပါတယ်။

ရွှေပိုးက အကောင့်တုနဲ့ အထင်မြင်လွဲမှာအောင်လုပ်နေတဲ့သူကိုလည်း သူ့ရဲ့နာမည်နဲ့ ဓာတ်ပုံတွေကိုယူသုံးပြီး အခုလိုတွေမလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။ ရိုးရိုးသားသားနဲ့ ဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ အနုပညာရှင်တွေကို အခုလို တိုက်ခိုက်ကြတာတော့ တကယ်ကိုမကောင်းတဲ့ လုပ်ရပ်ပါပဲ။

Chilli – CeleGabar
Source – Shwe Poe Eain