ဇာတ်လမ်းတွဲ ကောင်းတွေအများကြီးကို ထုတ်လွှင့်ပြသလျက်ရှိတဲ့ MRTV-4 ကနေ လတ်တလောမှာတော့ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းလေးတစ်ကားကို ထုတ်လွှင့်ပြသလျက်ရှိပါတယ် ။ ဒီဇာတ်လမ်းတွဲလေးရဲ့ အမည်ကတော့ မှော်ပုလ္လင်လို့ အမည်ရပြီး ဒီဇာတ်လမ်းတွဲလေးကို ဇန်နဝါရီလ (၂၇) ရက်နေ့ ဗုဒ္ဓဟူးနေ့ညက နေ စတင် ထုတ်လွှင့်ပြသခဲ့တာပဲဖြစ်ပါတယ် ။
ဒီဇာတ်လမ်းတွဲလေးမှာ MRTV-4 မင်းသမီးလေးဖြစ်တဲ့ မြတ်သူသူနဲ့ အဆိုတော် ဟန်ထူးဈာန်တို့က အဓိက ပါဝင်ထားပြီး မှော်ဆန်တဲ့ ထူးခြားဆန်းကြယ်မှုတွေ ပါဝင်တာဖြစ်လို့ ပရိသတ်တွေ အရမ်းကို စိတ်ဝင်စားကြမယ်ထင်ပါတယ် ။ ဒီဇာတ်လမ်းတွဲလေးကို စပြတဲ့ ပထမပိုင်းမှာတင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အတော်လေး ရရှိခဲ့ပြီး တောတွင်းဇာတ်လမ်းလေးဖြစ်တဲ့အတွက် တိရစ္ဆာန်တွေပါဝင်တဲ့ ဇာတ်ဝင်ခန်းကိုလည်း Animation တွေ နဲ့ အကောင်းမွန်ဆုံး ပြုလုပ်ထားတာကိုတွေ့မြင်ရပါတယ် ။
ရွာတစ်ရွာရဲ့ ထူးခြားဆန်းကြယ်မှုတွေနဲ့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ ရွာလေးကို ဟန်ထူးဈာန်က ဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ ဆိုတာကို ပထမပိုင်းထုတ်လွှင့်ပြီးထဲက ပရိသတ်တွေက အရမ်းကိုစိတ်ဝင်စားနေကြတာပါ ။ မှော်ပလ္လင်ဇာတ်လမ်းတွဲလေးက နောက်ပိုင်းမှာဘယ်လို ဇာတ်ရှိန်တွေ မြင့်လာပြီး ပရိသတ်တွေကို ဘယ်လို ဆွဲဆောင်သွားမလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲ ။
Source : MRTV-4
Emily (Cele Gabar)