ပရိသတ်ကြီးရေ ဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်တဲ့ အဆိုတော် မိစန္ဒီကတော့ သူမရဲ့ နောက်ထပ် စီးပွါးရေးလေး တစ်ခုအနေနဲ့ ထပ်မံမွေးဖွားလိုက်တဲ့ “Boo & Blings” Fashion Jewelry and Accessories Brand လေးကို အတန်ဆုံးနဲ့ အမိုက်ဆုံး ဒီဇိုင်းလေးတွေ မကြာခင်မှာ စတင် မိတ်ဆက်ပေးပါတော့မှာဖြစ်တယ်လို့သိရပါတယ် ။ Covid ကာလ မှာ ပွဲတွေနားနေတုန်း သူမအရင်က လုပ်ချင်ခဲ့တာတွေ.. အချိန်တွေ ဆွဲနေပြီး မလုပ်ဖြစ်တာလေးတွေ အကောင်အထည်ဖော်ဖြစ်ခဲ့တာဖြစ်ပါတယ် လို့ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။
မိစန္ဒီက အရင်တည်းက fancy လေး တွေ bling bling တွေ accessories တွေကို ကြိုက်ပြီး အရမ်းရူးပေမယ့် ကပ်စေးနည်းပြီး အများကြီးလည်း ပိုက်ဆံမသုံးချင်တော့ ဈေးတန်ပြီး quality ကောင်းကောင်းနဲ့ မိုက်တာလေးတွေ ရှာဖို့က တော်တော် မလွယ်ခဲ့လို့ ဟိုးအရင်တည်းက လူငယ်တွေ အတွက် တန်ပြီး မိုက်တဲ့ quality ကောင်းကောင်းလေးတွေပေးနိုင်တဲ့ fashion jewelry and accessories brand လေးတစ်ခု လုပ်ချင်ခဲ့တာဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။
သူမတို့ ရဲ့ My Boo ကနေ ထပ်မံမွေးဖွားလိုက်တဲ့ “Boo and Blings” လေးကို ယုံကြည်စွာ အားပေးကြဖို့အတွက်လည်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တောင်းဆိုခဲ့ပါတယ် ။ မကြာခင်မှာ Soft Digital Launching လေးရှိလို့ မကြာခင်သူမရဲ့ Page ကနေတဆင့် ကြေညာပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။
Source : Mi Sandi
Emily (Cele Gabar)