LGBT တွေ အတွက် သီချင်းလေးဖန်တီးပြီး အသိပညာမျှဝေပေးတဲ့ အတွက် ပိုးမီကို ကျေးဇူးတင်စကာဆိုခဲ့တဲ့ ဥက္ကာမင်းမောင်

Posted on

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေအားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အဆိုတော် ပိုးမီကတော့ မကြာသေးမီကမှ သီချင်းသစ်လေးတစ်ပုဒ်ထွက်ရှိခဲ့ပါတယ် ။ သီချင်းလေးရဲ့အမည်ကတော့ အချစ်က အချစ်ပါပဲ ဆိုတဲ့သီချင်းလေးဖြစ်ပြီး LGBT တွေအတွက် ဖန်တီးရေးသားပြီး သီဆိုထားတဲ့သီချင်းလေးပဲဖြစ်ပါတယ် ။

 

ယောကျာ်းတစ်ယောက်က ယောကျ်ားတစ်ယောက်ကိုချစ်တာ (သို့) မိန်းမတစ်ယောက်က မိန်းမတစ်ယောက်ကိုချစ်တာဟာ အမှား မဟုတ်ပါဘူး ဆိုတဲ့ စာသားလေးနဲ့အတူ ပိုးမီက ဒီသီချင်းသစ်လေးရဲ့ Music Video လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးခဲ့တာပါ ။ ဒီသီချင်းလေးကို အဆိုတော် မေလသံစဉ်က ရေးသားပေးထားပြီး ပိုးမီ ၊ ဇာခြည်ရွှေဒွေးနဲ့ JD တို့က သီဆိုထားကြတာဖြစ်ပါတယ် ။

ဒီသီချင်းလေးဟာ လူတစ်ယောက်နဲ့တစ်ယောက် ချစ်တာက အမှားမဟုတ်သလို ယောက်ျားချင်းဖြစ်စေ မိန်းမချင်းဖြစ်စေ ချစ်ကြတာလည်း အမှားမဟုတ်တဲ့အတွက် လူကို လူလိုပဲ မြင်ပေးကြဖို့ LGBT တွေအတွက် သီဆိုခဲ့တာဖြစ်ပါတယ် ။ ဒီသီချင်းလေးနဲ့ပတ်သက်ပြီး LGBT တစ်ယောက်ဖြစ်တယ်လို့ အတိလင်းဝန်ခံထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်က LGBTIQ တွေ အတွက် အခုလို သီချင်းလေးဖန်တီးပြီး အသိပညာမျှဝေပေးတဲ့ အတွက် ပိုးမီကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Poe Mi
Emily (Cele Gabar)