နိုင်ငံခြားရောက်နေသလား ထင်မှတ်ရလောက်အောင် လှပလွန်းတဲ့ ပြင်ဦးလွင်ပန်းခင်းကြီးထဲက နေခြည်ဦးရဲ့ အမိုက်စားပုံရိပ်များ

လတ်တလော ပြင်ဦးလွင်မြို့ကို ရိုက်ကူးရေးရောက်ရှိနေတဲ့ နေခြည်ဦးကတော့ သူမရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပရိသတ်တွေကို မကြာခဏ မျှဝေပေးနေပါတယ်နော် ။ မကြာသေးမီကမှ ချယ်ရီပင်တွေကြားမှာ အလှကြီးလှနေတဲ့ သူမရဲ့ အလှပုံရိပ်လေးအချို့ကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။

 

 

လတ်တလောမှာတော့ ပရိသတ်တွေ လုံး၀ ကြွေကျသွားစေမယ့် သူမရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ထပ်မံ မျှဝေပေးလာခဲ့ပြန်ပါပြီ ။ နိုင်ငံခြားရောက်နေသလားလို့ တောင် ထင်မှတ်ရလောက်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ပန်းခင်းကြီးထဲ ရောက်ရှိနေတဲ့ ချီချီရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို မင်သက်လောက်အောင် လှပလွန်းနေပါတယ် ။ ပြင်ဦးလွင်မြို့ရဲ့ ပန်းခင်းကြီးထဲမှာ အဝါရောင်တောက်တောက်လေးနဲ့ လင်းလက်နေတဲ့ ချီချီရဲ့ ပုံရိပ်လေးတွေကို ချီလီလေးတွေကလည်း အရမ်းကိုသဘောကျ နှစ်သက်ကြောင်း မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။

 

 

ဒါ့အပြင် သူမရဲ့ပရိသတ်တွေက ချီချီကိုချစ်ရတာတွေထဲမှာ လုပ်လိုက်ရင်အဆန်းလေးတွေ လုပ်တတ်သလို အနုပညာစိတ်ကူးစိတ်သန်း ကောင်းတဲ့အတွက်ဖြစ်ကြောင်း နဲ့ အလှပရေးရာအားကောင်း ၊ အိုင်တင်လည်းကောင်း၊ ဆိုရှယ်မီဒီယာ ကိုကောင်းကောင်းကြီးအသုံးချတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေလို့ပါလို့ ရေးသားဖော်ပြခဲ့ကြတာတွေ့ရပါတယ် ။ ချီချီကိုချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း သူမရဲ့ လင်းလက်နေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Chi Oo
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x