အိုးကြီးအိုးငယ်နဲ့ဟင်းချက်ရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူးဆိုတဲ့ ပွင့်နဒီမောင်

ပရိသတ်ကြီးရေ တခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေး ပွင့်နဒီမောင်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့အချိန်မှာ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ဝက်နံရိုးမီးတောက် ကို ကိုယ်တိုင်ချက်ပြုတ်ပြီး ရောင်းချနေတာ ဖြစ်ပါတယ် ။ လက်ရာကောင်းလွန်းတဲ့အတွက် အားပေးတဲ့ပရိသတ်တွေအများအပြားရှိခဲ့ပြီး လက်မလည်အောင်ကို ရောင်းချနေရတာပါ ။

လတ်တလောမှာတော့ ပွင့်နဒီမောင်က ကျွန်မက ဟင်းချက်လည်းပျော်နေတာပဲ အိုးကြီး အိုးငယ်နဲ့ ဟင်းချက်ရမယ်လို အိမ်မက်ထဲမှာတောင်မမက်ဘူး လုပ်ငန်းတစ်ခုဆိုတာ စဖို့အရမ်းလွယ်ပါတယ် နာမည်တစ်ခု ရဖို့ ရေရှည်ရပ်တည်ဖို့ဆိုတာ တကယ်မလွယ်တဲ့အရာဆိုတာသေချာပါတယ် ဘာလိုလိုနဲ့ ကျွန်မတို့ဈေးရောင်းခဲ့တာ တစ်နှစ်ပြည့်ဖို့ရက်ပိုင်းပဲလိုတော့တယ် ဆိုတဲ့စာသားလေးနဲ့အတူ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် သူမဝါသနာပါတဲ့ အရာလေးကိုလုပ်ရင်း ပရိသတ်တွေအားပေးမှုကြောင့် ပျော်ရွှင်နေရကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

 

 

 

ဆိုင်တွေဖွင့်တော့ ရောင်းအားကျမယ်ထင်ခဲ့ပေမယ့် ဒီအချိန်ထိ အားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်တဲ့အကြောင်းကို လည်းရေးသားဖော်ပြထားပါတယ် ။ ပရိသတ်တွေကတော့ သူမရဲ့လက်ရာအရမ်းကောင်းလွန်းလို့ ဆိုင်ဖွင့်ဖို့ထိတောင် အကြံဉာဏ်ပေးထားကြတာတွေ့ရပါတယ် ။

Source : Pwint Nadi Maung
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x