အရင်နဲ့မတူတဲ့ အမိုက်စားဆံပင်စတိုင်အသစ်နဲ့အတူ Slay နေကြတဲ့ အမျိုးသမီးအနုပညာရှင်(၃)ဦး

Posted on

ပိတုန်းရောင်ကေသာကိုတော့ ကျက်သရေရှိတယ်လို့သတ်မှတ်ကြသလို ပြောင်းလဲလာတဲ့ခေတ်ရေစီးအရ ဆံပင်စတိုင်တွေကလည်း အမျိုးမျိုးပြောင်းလဲနေတာပါ။ ပြောင်းလဲလာတဲ့စတိုင်အဆန်းအပြားတွေနဲ့အတူ ဆံပင်အရှေ့ကို Highlight လုပ်လားပြီးတော့ ခေတ်ဆန်ဆန်လှပနေကြတဲ့ အမျိုးသမီးအနုပညာရှင်တွေလည်း ရှိပါတယ်။ သူတို့တွေကတော့
(၁) ဖွေးဖွေး


အကယ်ဒမီ(၃)ထပ်ကွမ်းဖွေးဖွေးကတော့ ဆံပင်စတိုင်အဆန်းအပြားတွေကို ယုံကြည်မှုရှိရှိပြောင်းလဲတတ်သူပါ။ မကြာသေးခင်က ဆံပင်ရှေ့အတိကိုထူးထူးခြားခြားတိုတိုလေးညှပ်လိုက်တာကြောင့်လည်း လူပြောများခဲ့ပါသေးတယ်။ အခုဆိုရင်တော့ ဆံပင်အရှေ့တချို့တစ်ဝက်ကို
Highlight အရောင်အမျိုးမျိုးပြောင်းဆိုးနေတာပါ။ ဘယ်အရောင်ကိုပဲရွေးရွေး တကယ့်ကို အမိုက်စားဖြစ်နေတဲ့ ဖွေးဖွေးပါပဲ။

(၂) နန်းသူဇာ


အဆိုတော်၊မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့နန်းသူဇာကတော့ ချစ်စရာကောင်းသလို အလန်းစားစတိုင်တွေနဲ့လည်း အထာကျတဲ့သူတစ်ယောက်ပါ။ အခုလည်း ဆံပင်ကို အစိမ်းရောင်တွေနဲ့ Highlight ဖောက်ထားတာဖြစ်ပြီး ထူးထူးခြားခြားဖက်ရှင်ကျလှပနေတာလည်း ဖြစ်ပါတယ်။

(၃) မိစန္ဒီ


ချစ်စရာကောင်းသလိုပွင့်ပွင့်လင်းလင်းနေတတ်တာကတော့ မိစန္ဒီရဲ့စတိုင်လည်း ဖြစ်ပါတယ်။ လူငယ်ဆန်ပြီးလွတ်လပ်တဲ့ ဖက်ရှင်စတိုင်တွေကိုဝတ်ဆင်လေ့ရှိတဲ့မိစန္ဒီကတော့ အခုတစ်ခါမှာတော့ ဆံပင်ကို Highlight ဖောက်လိုက်ပြန်ပါပြီ။ ဆံပင်အရောင်ဆိုးလေ့ရှိတဲ့သူဆိုပေမဲ့လည်း ဆံပင်စတိုင်အသစ်နဲ့အစွမ်းကုန်ဖက်ရှင်ကျနေတော့မှာအမှန်ပါပဲနော်…
Source :MiSandi,NannThuzar,PhwayPhway