ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် ပျော်ရွှင်ခဲ့ရကြောင်းနဲ့ မိန်းကလေး ပရိသတ်တွေအတွက် အကြံဉာဏ်လေးအချို့ကို သူမရဲ့လူမှု့ကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။
အခန်းထဲဝင်လာတော့ ကုတင်ပေါ်က သူ့ကို မြင်မြင်ချင်း ခေါင်းထဲဝင်လာတဲ့ အတွေးကsurprise တစ်ခါမှ မလုပ်ဘူးတဲ့ ငါ့ယောက်ကျားဘာဖြစ်သွားတာလဲပေါ့ ??? ပါးစပ်ထဲ ကိုက်ထားတဲ့ စားလေး ဖတ်ကြည့်တော့မှ အဖြစ်မှန်ကို အဓိပ္ပါယ်ပေါက်သွားတယ် ဆိုတဲ့ စာသားလေးနဲ့ အတူ ခင်ပွန်းဖြစ်သူပေးတဲ့ ပန်းစည်းကြီးနဲ့အတူ သူမတို့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။ ဒါ့အပြင် မိန်းကလေးပရိသတ်တွေကိုလည်း ပန်းစည်းလိုချင်ရင်ဘယ်လို လုပ်ရမယ်ဆိုတာကို အခုလိုမျှဝေပေးခဲ့ပါသေးတယ် ။
ကောင်မလေးတွေ Valentine’s နေ့မှာ ပန်းစည်းကောင်းကောင်းလိုချင်ရင် ကိုယ်ကြိုက်တဲ့ ဆိုင်ကပန်းကို ဘယ်လိုမှာရသလဲဆိုတာ အချိန်မှီအောင် စောစောစီးစီး ကိုယ့်ကို ပေးစေချင်တဲ့ ကောင်လေးတွေကို သေချာ အထာ ပေးထားပါ။ ပြီးမှ ကိုယ်စိတ်တိုင်းကျ မရဘူးဆိုရင် စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့။ မိမိစိတ်ချမ်းသာဖို့ မိမိမှာသာ တာဝန်ရှိပါတယ်နော်။ ယောကျ်ားတွေက နဲနဲဝေးတတ်တယ် နီးအောင် တွန်းပို့ဖို့ ဝန်မလေးပါနဲ့လို့ ဆိုတဲ့စာသားလေးနဲ့အတူ Surprise လိုချင်ရင် ကြိုတင်ပြီးအထာပေးတတ်ဖို့ ရေးသားဖော်ပြခဲ့ပါတယ် ။
Source : Thandar Hlaing
Emily (Cele Gabar)