ပရိသတ်ကြီးရေ .. ဒီနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့ ကတော့ MRTV-4 မင်းသားလေးတစ်ယောက်ဖြစ်သလို Double Dating အစီစဉ်မှာ ပရိသတ်တွေ ရိုစည်လို့ ချစ်စနိုးခေါ်နေရတဲ့ သရုပ်ဆောင် စည်သူဝင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကတော့ ရိုစည်လေးရဲ့ အသက် (၂၆) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ် ။
ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက် စည်သူဝင်းက သူ့ရဲ့နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တယ်လို့ သိရပါတယ် ။ မွေးနေ့အလှူလေးကို အရှင်ဥတ္တရ-ဝံသ က MRTV-4 မင်းသား ကိုစည်သူဝင်း ( ၂၆ )နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆွမ်းစသည်များ ဆက်ကပ်လှူဒါန်းကုသိုလ်ပြုပါတယ်ဆိုတဲ့ စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ အခုလို လှူဒါန်းရသော ကုသိုလ်ကံစေတနာတို့ကြောင့် ဒီထက်မက အောင်မြင်ကျော်ကြားပြီး ပြည်သူ့ အချစ်တော် နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့လည်း ဆရာတော်က ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။
ဟက်ပီးဘတ်ဒေးမှာ စည်သူဝင်းရေ .. မွေးနေ့ကစပြီးနောင်နှစ်ပေါင်းများစွာထိ ပရိသတ်ချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး Double Dating အစီစဉ်လေးကလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ရိုစည်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း မွေးနေ့ဆုတောင်းလေးတွေ ရေးပေးခဲ့ကြပါဦးနော် ။
Source : Sithu Win
Emily (Cele Gabar)