မဟုတ်တဲ့ သတင်းတွေနဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားရင် အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ ဇေရဲထက်

Posted on

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော ဇေရဲထက်ကတော့ လတ်တလောမှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မဟုတ်တဲ့ သတင်းတွေနဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားနေတဲ့ သူတွေကို သတိပေးလိုက်ပါတယ်။ ဇေရဲထက်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်းမကြာခဏဆိုသလို ကြုံတွေ့နေရတဲ့ သူတစ်ယောက်ပါ။

လတ်တလောမှာလည်း ဝေဖန်တိုက်ခိုက်မှုတွေကို ဆက်တိုက်ခံနေရပြီး ကိုယ်ကျင့်သိက္ခာတွေကို စော်ကားခံနေရတဲ့ အထိကို တိုက်ခိုက်ခံနေရတာပါ။ဇေရဲထက်ကတော့ အခုလို မဟုတ်မမှန်တဲ့ သတင်းတွေနဲ့ တိုက်ခိုက်နေတဲ့ သူတွေကို “တခါတည်း ပြောထားပါရစေ ကျွန်တော်နဲ့ပတ်သက်ပြီး မဟုတ်တာတွေပြောကိုယ်ကျင့်သိက္ခာတွေပါ ထပ်စော်ကားလာရင် မကြာခင်ကျွန်တော့်အနေနဲ့ အရေးယူဆောင်ရွက်သွားပါမည်” လို့ အရေးယူဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်း အသိပေးဖော်ပြထားခဲ့ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တွေတိုင်းက အနည်းနဲ့ အများ ဝေဖန်တိုက်ခိုက်တာတွေကိုခံရတာမှန်ပေမဲ့လို့ အခုလို ကိုယ့်ကျင့်သိက္ခာကိုစော်ကားတဲ့ အထိ မဟုတ်မမှန်သတင်းတွေနဲ့ တိုက်ခိုက်တာကတော့ လွန်လွန်းလှပါတယ်နော်။ CeleGabar ပရိသတ်ကြီးရေ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရတဲ့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသားချော ဇေရဲထက်အတွက် အားပေးစကားလေးတွေပြောခဲ့ပေးကြပါဦး။

Chilli – CeleGabar
Source – Zay Ye Htet