မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အလှူတစ်ခုပြုလုပ်ခဲ့တဲ့ ဖြူဖြူထွေး

Posted on

သွက်လက်တဲ့ဟန်ပန်တွေကြောင့် ပရိသတ်တွေသတိထားမိခဲ့ရတဲ့ အွန်လိုင်းဆယ်လီတစ်ယောက်ကတော့ ဖြူဖြူထွေးပါ။ ဖြူဖြူထွေးတော့ လက်ရှိအချိန်မှာ ကြော်ငြာတွေ MV တွေရိုက်ကူးနေရတာဖြစ်ပြီး အတော်လေးကိုအောင်မြင်နေတာပါ။ ပွင့်လင်းတဲ့အပြုအမူလေးတွေနဲ့ အရိုးခံစိတ်ရင်းလေးတွေကတော့ ပရိသတ်တွေရဲ့အချစ်ကိုပိုမိုရရှိနေကြတာပါ။


ဖြူဖြူထွေးကတော့မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အလှူတစ်ခုပြုလုပ်ခဲ့တာပါ။ ဒီနေ့မှာ ဖြူဖြူထွေးက လမ်းမှာတွေ့တဲ့သူတိုင်းကို ဒီနေ့ဘာနေ့လဲဆိုတဲ့ မေးခွန်းလေးတစ်ခုပေးခဲ့တာပါ။မဖြေနိုင်ရင်တော့ မြန်မာအမျိုးသမီးများနေ့ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပြီး ခေါင်းလျှော်ရည်တွေကို လက်ဆောင်ပေးခဲ့တာပါ။ ခေါင်းလျှော်ရည်ထုတ်တွေကို ရရှိသွားတဲ့သူတွေကလည်း စိတ်ကျေနပ်သွားကြမှာပါ။

ဖြူဖြူထွေးကတော့ မြန်မာအမျိုးသမီးများနေ့ဆိုတာကို သတိမထားမိသေးတဲ့သူတွေကို သိသွားစေခဲ့သလို ခေါင်းလျှော်ရည်တွေကိုလည်း လက်ဆောင်ပေးဖြစ်ခဲ့တာပါ။ တစ်ချက်ခုတ်နှစ်ချက်ပြတ်အလှူအစီအစဉ်လေးကတော့ တကယ့်ကိုကြည်နူးစရာပါပဲနော်။ ဆယ်လီကမ္ဘာပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Source : PhyuPhyuHtwe