“၁၉၉၀” သီချင်းလေးအတွက် ဂုဏ်ပြုလက်ဆောင်ပေးတာတွေခံနေရတဲ့ Shine

Posted on

ပရိသတ်ကြီးရေ Shine ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ တက်သစ်စ မျက်နှာသစ် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ “The Old You” “ချစ်တေးသံသာ” စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာပြီး ပြီးခဲ့တဲ့ ဇွန်လ(၂၀)ရက်နေ့မှာတော့ “၁၉၉၀” လို့အမည်ရတဲ့ သီချင်းလေးထွက်ရှိလာခဲ့ပါသေးတယ်။

“၁၉၉၀” သီချင်းလေးကတော့ ယောက်ျားလေးပရိသတ်တွေတော်တော်လေးအကြိုက်တွေ့ခဲ့ပြီး အားပေးဝန်းရံမှုအပြည့်ရရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ပါတယ်။ ဒီနေ့မှာတော့ Shineက သူ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ Perfectors လေးတွေဆီကနေ “၁၉၉၀” သီချင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ Surprise လုပ်လက်ဆောင်ပေးတာကို ခံခဲ့ရပါတယ်။ Shine ရဲ့ ပရိသတ်တွေကတော့ Shine ကို (၂)လ တစ်ခုလောက် Surprise လက်ဆောင်တွေပေးနေတာကြောင့် Shine တစ်ယောက် ဝမ်းသာနေခဲ့ရပါသေးတယ်။

Shine က သူ့ကို အားပေးတဲ့ အမာခံပရိသတ်တွေအတွက်လည်း “ကျွန်တော်က ” PERFECTOR ” တွေကို ဂရုတစိုက်နဲ့ အချိန်မပေးနိုင်သလောက် ကျွန်တော့်ကိုဆို အမြဲဂရုတစိုက် အရိပ်ရိပ်တကြည့်ကြည့်နဲ့ နားလည်ပေးပြီး အားပေးနေတာတွေ ၊ ယုံကြည်ပေးနေတာတွေအတွက်အမြဲ ကျေးဇူးတင်နေမှာပါ “အားပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းပြောထားပါသေးတယ်။

Chilli – CeleGabar
Source – Shine