အွန်လိုင်းပရဟိတဈေးရောင်းပွဲတော်လုပ်ပြီး ဖားကန့်က နစ်နာသူတွေကို ကူညီပေးသွားမယ့်ဖိုးချစ်

ပရိသတ်ရဲ့အချစ်တော်ဖိုးချစ်ကတော့ အသက်ငယ်ပေမယ့် ဦးဆောင်နိုင်စွမ်းနဲ့စိတ်အားထက်သန်မှုတို့ကြောင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ်တာဝန်ပေးခြင်းခံထားရသူတစ်ယောက်ပါ။ ကိုဗစ်ကာလစတင်ကတည်းက သဘင်သည်တွေရဲ့အခက်အခဲကို တတ်နိုင်သမျှဖြေရှင်းပေးနေသလို အခုတစ်ခါမှာလည်း ဖားကန့်မြေပြိုမှုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့သူတွေကို ကူညီပေးဦးပါမယ်တဲ့ ပရိသတ်ကြီးရေ…

ဖားကန့်မှော်တွေထဲမှာတော့ နှစ်စဉ်မြေပြိုမှုကြောင့် လူရာပေါင်းများစွာအသက်ပေးနေရပြီး လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့် ၊ ဝှေခါမှော်အတွင်းမှာ ဖြစ်ခဲ့တဲ့မြေပြိုမှုကြောင့် လူနှစ်ရာထက်မနည်းသေဆုံးခဲ့ရတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဖိုးချစ်ကတော့ သူတို့ကိုကူညီဖို့အတွက် အစီအစဉ်လေးတစ်ခုပြုလုပ်ထားကြောင်းကို ” ဖားကန့်မှာ မြေစာပုံပြိုလို့ ထိခိုက်သွားကြရတဲ့ သွေးရင်းသားရင်းများအတွက် online ပရဟိတ ဈေးရောင်းပွဲတော် ကျင်းပပါမယ်ဗျာ… အရင်းများကိုစိုက်ထုတ်ပြီး ရောင်းရသမျှအားလုံးကို လှူဒါန်းပေးသွားပါ့မယ်နော်… ကိုယ်ရှင်သန်နေတာ အများအတွက် ဖြစ်စေချင်ပါတယ်… အားလုံး အနုပညာညီအကိုမောင်နှမတွေ… ကိုယ်တိုင်ပေးပို့ ရောင်းချသွားကြမယ်…. အသေးစိတ် ကြေညာပေးပါ့မယ်ဗျာ ကျွန်တော်တို့လက်ရာလေးတွေ စားရင်း ကုသိုလ်ယူနိုင်ကြပါစေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြလာပါတယ်။

ပရိသတ်ကြီးရေ… “ကိုယ်ရှင်သန်နေတာ အများအတွက်ဖြစ်ချင်တယ်” ဆိုတဲ့ရည်ရွယ်ချက်လေးကို လက်ကိုင်ထားတဲ့ဖိုးချစ်ကတော့ မြန်မာပြည်သူတစ်ရပ်လုံးကိုဝမ်းနည်းစေခဲ့တဲ့ ဖားကန့်မြေပြိုမှုက နစ်နာခဲ့သူတွေကို အွန်လိုင်းပရဟိတဈေးရောင်းပြီး ကူညီပေးသွားမှာမို့ အားပေးလိုက်ကြပါဦးနော်။


Source – Phoe Chit
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x