အဆိုတော်ဟဲလေးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်လောက်ကတည်းကနေ အခုချိန်အထိပရိတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားပြီး အောင်မြင်မှုတွေကိုထိန်သိမ်းထာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။
ဒီနေ့ ဇူလိုင်လ (၄)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ဟဲလေးရဲ့မွေးနေ့ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့မွေးနေ့ရက်မြတ်လေးမှာတော့ အဆိုတော်ဟဲလေးဟာ အသက် (၃၉)နှစ်ပြည့်မြောက်သွားတဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ အသက်(၃၉)နှစ်မြောက်တဲ့အကြောင်းကိုလည်းဟဲလေးက သူ့ရဲလူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါသေးတယ်။
ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ အဆိုတော်ဟဲလေးတစ်ယောက် အနုပညာလောကမှာဒီထက်မကပိုမိုအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်ရင်ထဲကိုရောက်တဲ့ သီချင်းကောင်းလေးတွေကို ပိုမိုဖန်တီးနိုင်စေဖို့ CeleGabar ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ပေးပါဦးနော်။
Chilli – CeleGabar
Photo Credit – He’ Lay