အဝတ်စားတစ်ထောင်ကျော် ပရိသတ်ကိုမျှဝေတုန်းကရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေခဲ့တဲ့ နန်းဆု

ပျိုမြစ်နုနယ်မှုတွေရဲ့ဘုရင်မလို့ တင်စားလို့ရတဲ့နန်းဆုကတော့ အသက်တွေကြီးလာလည်း မပြောင်းလဲတဲ့ရုပ်ရည်ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်းအားကျနေရသူပါ။ စိုပြေလှပတဲ့အသားအရည်၊ ဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ ခေတ်ရေစီးကြောင်းကို အမှီလိုက်နိုင်တဲ့မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

နန်းဆုကတော့ မကြာသေးခင်က တစ်ကမ္ဘာလုံးမှာဖြစ်ပွားခဲ့တဲ့ကိုဗစ်ကြောင့် အိမ်မှာနေရတဲ့ကာလအတွင်းမှာ သူအနုပညာအလုပ်တွေလုပ်ရင်းဝတ်ခဲ့တဲ့ အင်္ကျီတချို့ကို ပြန်ရှင်းရင်းပရိသတ်တွေအတွက် မဲဖောက်ပေးတဲ့အစီအစဉ်လေးကို ပြုလုပ်ခဲ့ပါတယ်။ အဝတ်အစားတစ်ထောင်ကျော်ထဲက မိဘမဲ့ကလေးကျောင်းကို လှူလို့ရတဲ့အင်္ကျီတချို့ကို လှူပေးခဲ့ပြီး ပရိသတ်အတွက်ပါ Fb Live လွှင့်ပြီး မဲဖောက်ပေးခဲ့တာပါ။

ဒီနေ့မှာတော့ ပရိသတ်တွေအတွက် အဝတ်အစားမဲဖောက်ပေးခဲ့တုန်းက အမှတ်တရတချို့ကို ဗွီဒီယိုလေးလုပ်ကာ ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… Stay Home ကာလအတွင်းမှာတောင် ပရိသတ်တွေနဲ့နီးစပ်ဖို့ ကြိုးစားခဲ့တဲ့ နန်းဆုရဲ့ From Nansu To All ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source- Nansu Yati Soe
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x