တောင်ပေါ်မြေကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်တဲ့ အက်စတာ

Posted on

အက်စတာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် မြန်မာအိုင်ဒေါ Season (4)ရဲ့ Winner ဆုကြီးကိုပါ ရရှိခဲ့တဲ့ သူပါ။ လတ်တလောမှာတော့ အက်စတာက မြန်မာအိုင်ဒေါက ညီအစ်ကို မောင်နှမတွေနဲ့ ပေါင်းပြီး သီချင်းလေး ထွက်ရှိဖို့ ကြိုးစားနေတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ အက်စတာကတော့ မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ကိုချစ်တဲ့ ပရိသတ်တွေကို တောင်ပေါ်ဒေသတွေကိုလာလည်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ “တောင်ပေါ်မြေကိုလာလည်ပါ စိမ်းလန်းနေတဲ့တောင်တန်းလေးနဲ့ လေအေးလေးနဲ့ တောင်ပေါ်အစားအစာလေးနဲ့ကြိုဆိုနေမယ် တောင်ပေါ်သူလေးပါရှင့်” ဆိုပြီး ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။

တောင်ပေါ်သူ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ အက်စတာက သူ့ရဲ့မွေးရပ်မြေ တောင်ပေါ်ဒေသကိုလာလည်မယ့် သူတွေအတွက်ကို တောင်ပေါ်ဒေသအစားအစာတွေနဲ့ ကြိုနေမှာဆိုတော့ အက်စတာရဲ့ပရိသတ်တွေသွားလည်သင့်နေပြီနော်။ CeleGabar ပရိသတ်ကြီထဲကအက်စတာရဲ့ပရိသတ်တွေအက်စတာကတော့ လာလည်ဖို့ ဖိတ်ခေါ်နေပြီနော်။

Chilli – Celegabar
Source – Esther DCS