ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေကတော့ ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေသာမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ အများဆုံးတွေ့မြင်နေရသူတစ်ယောက်ပါ။
သရုပ်ဆောင်အလုပ်အပြင် ဝါသနာပါရာဂီတခရီးလမ်းကိုလျှောက်လှမ်းရင်း ပရိသတ်တွေအတွက် သီချင်းအစ်တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ နယ်ဖျော်ဖြေပွဲတွေသွားနေသူရမို့ လတ်တလောမြေပြိုမှုဖြစ်ပွားခဲ့တဲ့ဖားကန့်မှာ ရင်းနှီးခဲ့ရတဲ့သူငယ်ချင်းတွေအတွက် သူ့ရင်ထဲက ခံစားချက်တချို့ကို ရေးသားမျှဝေခဲ့ပါတယ်။ “သူငယ်ချင်းတွေ ကျွန်တော့ကိုချစ်တဲ့ပရိတ်သက်ညီအကိုတွေ ဘဝဆက်တိုင်းဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့မကြုံကြပါစေနဲ့ … ဘယ်ကောင်မှဖုန်းဆက်မရဘူး စိတ်ပူလိုက်တာကွာ… ငါဒီတစ်ခေါက်ဖားကန့်သီချင်းလာဆိုရင်မင်းတို့အတွက်လက်ဆောင်… အနွေးအင်္ကျီတွေစုထားပြီးသားပါကွ” ဆိုပြီး သူငယ်ချင်းတွေအတွက် ဖြေမဆည်နိုင်ဖြစ်နေကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…
ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၆) ယောက်သာရှိပေမယ့် မြေပြိုမှုကြောင့် လူနှစ်ရာထက်မနည်းသေဆုံးခဲ့ရပါတယ်။ ဒေါင်းဝေကတော့ “ကိုဗစ်ကြောင့်မသေဘဲ ငတ်မှာစိုးလို့ရရာအလုပ်ထလုပ်ရင်းသေရတဲ့ သူငယ်ချင်းတွေ…မင်းတို့ဘဝတွေကိုငါစာနာပါတယ်ကွာ” ဆိုပြီးတော့လည်း သူ့ရင်ထဲခံစားချက်တွေမျှဝေခဲ့ပါသေးတယ်။
Source – Daung Wai
Rainbow- Cele Gabar