သားငယ်မွေးနေ့အလှူအဖြစ် ကျိုက်မရောဆရာတော်ဆီမှာ သိန်း(၁၀၀)လှူဒါန်းပေးခဲ့တဲ့ ဒေါ်သီသီဝင်း

Posted on

ရုပ်ရှင်သရုပ်ဆောင်စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းအမြဲမပြတ်ပြုလုပ်လေ့ရှိတဲ့မိသားစုလေးဖြစ်တာကြောင့် စည်ဖြိုးကိုသာမက ကျန်မိသားစုဝင်တွေကိုပါ ပရိသတ်တွေလည်း ရင်းနှီးနေလောက်ပြီထင်ပါတယ်။ မိသားစုလိုအင်မှန်သမျှဖြည့်ဆည်းပေးတတ်တဲ့ ဖေဖေ၊ မေတ္တာဓာတ်ကြီးလွန်းတဲ့ အန်တီဒေါ်သီသီဝင်း၊ စည်ဖြိုးနဲ့ ညီငယ်ဖိုးပြည့်တို့ ကတော့ တကယ်ကိုအားကျစရာကောင်းတဲ့မိသားစုဘဝကို တည်ဆောက်ထားသူတွေပါ။

ဒီနေ့ကတော့ သားငယ်ဖိုးပြည့်ရဲ့(၂၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး စည်ဖြိုးကတော့ ဒီနေ့ကျရောက်တဲ့ ညီငယ်ရဲ့မွေးနေ့မှာ “Happy Birthday .. ပြည့်လေးရေ …ကိုယ့် ညီကို ပွဲထုတ်စရာမလိုအောင် စီးပွားရေးမှာအောင်မြင်ပြီးသားမို့ ..အချစ်ရေး လူမှုရေး ဘာသာ သာသနာရေး..အဖက်ဖက်မှာ.. ရေလိုအေးလို့ ပန်းလိုမွှေး ပြီး သက်ရှည်ကျန်းမာ ကိုယ်စိတ် ငြိမ်းစေ.” ဆိုပြီးတော့လည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ်။

ဒါ့အပြင် မိခင်ဒေါ်သီသီဝင်းကလည်း သားငယ်မွေးနေ့အလှူအဖြစ် မွန်ပြည်နယ်၊ ကျိုက်မရောမြို့မှာ ကမ္ဘာစေတီတည်ဖို့အတွက် မတည်ငွေ သိန်း(၁၀၀) အပြင် ဆရာတော်ကြီးများအား ဆွမ်းနှင့်နဝကမ္မအလှူငွေတို့ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ဒါ့အပြင် သားငယ်လေးရဲ့မွေးနေ့အမှတ်တရအဖြစ် ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာမို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Si Phyo, E Thi
Rainbow- Cele Gabar