“StayHome ကာလမှာ အရွယ်နဲ့မလိုက်အောင် မိဘကကိုကူညီပေး​နေတဲ့ ထရက်ရှာ့ရဲ့ပုံရိပ်လေးတွေကို ဗီဒီယိုဖိုင်နဲ့တကွ တင်လာတဲ့စန္ဒီမြင့်လွင်”

Posted on

CeleGabarပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားသူဖြစ်တဲ့အပြင် ပျော်ရွှင်သာယာတဲ့ မိသားစုကမ္ဘာလေးကိုလည်း ပိုင်ဆိုင်ထာအးသူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ဆောင်ခဲ့တဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်ကို မြတ်နိုးရူးသွပ်စွာ လုပ်ဆောင်တတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တခဲနက်ရရှိခဲ့တာပါ။

အခုချိန်မှာကတော့ သမီးလေးTreasureကို ပြုစုစောင့်ရှောက်ကာ အချိန်တွေကိုဖြတ်သန်းနေတာပါ။ ဒီနေ့မှာတော့”Stay home ကာလထရက်ရှာ့ဗီဒီယိုလေးတွေအမှတ်တစ်ရပြန်တင်လိုက်ပီ🥰ကားရေးဆေးတယ် ကန်စွန်းရွက်ချွေတယ်နော် ကလေးက 😂 အဖေချစ်လားမချစ်လားတော့ဗီဒီယိုထဲသာကြည့်လိုက်တော့”ဆိုတဲ့စာလေးနဲ့အတူ Stay Homeကာလမှာ အချိန်တွေကုန်ဆုံးခဲ့တဲ့ပုံရိပ်တွေကိုဗီဒီယိုဖိုင်နဲ့တကွတင်လာခဲ့တာပါ။

အမြဲလိုလိုချစ်စရာအမူအရာလေးတွေနဲ့ မျက်နှာချိုချို Tresure​လေးကတော့ ပရိသတ်တွေရဲ့ အသည်းစွဲပါပဲနော်။CeleGabarပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Treasureလေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Koe- CeleGabar

Source-SandyMyintLwin

ZawgyiFont ဖြင့်ဖတ်ရန်





Koe- CeleGabar