ပထမ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဖြတ်သန်းနေတဲ့ စမိုင်းလ်

Posted on

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်စမိုင်းလ်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ ပထမ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး တစ်နေ့တာကို ဖြတ်သန်းနေခဲ့ပါတယ်။စမိုင်းလ်က အမြဲတမ်းလိုလို အလှူအတန်းတွေကိုလည်းပြုလုပ်နေခဲ့ပြီး ဘုရားတရားလည်း ကိုင်းရှိုင်းပြီး လူကြီးမိဘတွေအပေါ်မှာလည်းသိတတ်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပါ။

ဒီနေ့ပထမဝါဆိုလပြည့်နေမှာလည်း နေအိမ်မှာ ကိုးကွယ်ထားတဲ့ မြတ်စွာဘုရားကို ဓါတ်ကြီးလေးပါးဆွမ်း ယာဂုဆွမ်း များဖြင့်ဆက်ကပ်ပြီး ပရိတ်ပဌာန်းများဖြင့်ရှစ်ခိုးပူဇော်ကာ ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကာ လပြည့်နေ့တစ်နေ့တာကိုဖြတ်သန်းနေခဲ့ပါတယ်။စမိုင်းလ်က သူ့ရဲ့ပရိသတ်တွေ သာဓုခေါ်ဆိုလို့ရအောင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့တာတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

စမိုင်းလ်ရဲ့ ပရိသတ်တွေကလည်း စမိုင်းလ်ရဲ့ ကုသိုလ်တွေကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေရောဒီနေ့ ပထမဝါဆိုလပြည့်နေ့ လေးမှာ ဘယ်လိုကုသိုလ်တွေပြုလုပ်ပြီးဖြတ်သန်းနေခဲ့လဲဆိုတာ ပြန်လည်မျှဝေပြောပြခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – Smile