မြန်မာအမျိုးသမီးများနေ့အတွက် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကျက်သရေကို ဖော်ကျူးထားတဲ့ မိုးထက်ရဲ့ သီချင်းလေး

Posted on

မိုးထက်ကတော့ လူငယ်ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားအောင်မြင်တဲ့ လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အမိုက်စားစကားလုံးတွေနဲ့ သီချင်းစာသားတွေကြောင့် လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မိုးထက်ကတော့ မနေ့က ဇူလိုင်လ (၃)ရက်နေ့မှာကျရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိလာခဲ့ပါတယ်။

သီချင်းလေးကတော့ လူငယ်တွေအကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းပုံစံလေးဖြစ်ပြီး သီချင်းလေးထဲမှာ တန်ဖိုးရှိလှတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ယဉ်ကျေးသိမ်မွေ့လှတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ဂုဏ်ကျက်သရေရှိလှတဲ့ အပြုအမူအပြောအဆို အနေအထိုင်တွေကို ဂုဏ်ပြုဖော်ညွှန်းရေးသားဖွဲ့ဆိုထားတာပဲဖြစ်ပါတယ်။မိုးထက်ကိုယ်တိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒီသီချင်းလေးနဲ့ အတူ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြောင်းဖော်ပြထားခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးတွေ မိုးထက်ရဲ့ (၂၀၂၀)ခုနှစ် ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကျက်သရေကိုဖော်ကျူးထားတဲ့ မိုးထက်ရဲ့ “မြန်မာအမျိုးသမီး” သီချင်းလေးကို နားဆင်ခံစားလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးတို့ရေ

Chilli -CeleGabar
Source – Moe Htet – Bone Plus