ပခုက္ကူမှာ သစ်ပင်တွေစတင်စိုက်ပျိုးနေပြီဖြစ်တဲ့ နေထူးနိုင်

Posted on

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်နေထူးနိုင်ကတော့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့လမ်းသစ်ထွင်ကြိုးစားမှုတွေကြောင့် အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ ပျက်စီးနေတဲ့ဗွီဒီယိုလောက ပြန်လည်ဦးမော့လာစေရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

မကြာသေးခင်ကမှ စတန့်ဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးဖို့ စတန့်စတူဒီယိုတစ်ခုလည်း ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒါ့အပြင်နေထူးနိုင်ကတော့ ရေနံချောင်းသားတစ်ယောက်ပီပီ မိမိရပ်ရွာပတ်ဝန်းကျင် သာယာအေးချမ်းစေရေးအတွက် နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲတွေပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေသူတစ်ယောက်ပါ။ လွန်ခဲ့တဲ့နှစ်ကတော့ ချောက်မြို့မှာ သစ်ပင်စိုက်ပျိုးခဲ့ပြီး ဒီနှစ်မှာတော့ ပခုက္ကူမှာ သစ်ပင်စိုက်ပျိုးဖို့ စီစဉ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…

ဒေသခံတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမှာတော့ မနေ့က စတင်ပြီး သစ်ပင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ မနေ့က ပခုက္ကူမြို့တန်ကြည့်တောင်ဘုရားနဲ့ ဘဲကြီးကျေးရွာ-ငကျော်ရွာ-မြိုင်(CBT) နေရာများမှာ သစ်ပင်စိုက်ပျိုးခဲ့ပြီး ဒီနေ့မှာတော့ ပခုက္ကူခရိုင်ထဲရှိ စိုတောကျေးရွာ ရေလာ ဖောင်းခွဲ ဖောင်းချောင်း-စိုင်ဂေါင်-ကန်ရပ်ကြီး ညောင်ဂျစ်ပင်ကျေးရွာများတွင်သစ်ပင်များမှာ စိုက်ပျိုးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ အပူပိုင်းဒေသတွေမှာ အပူလျော့ဖို့ကြိုးပမ်းနေတဲ့ နေထူးနိုင်ရဲ့ လုပ်ဆောင်ချက်တွေကတော့ လေးစားစရာပဲမဟုတ်လား ပရိသတ်ကြီးရေ..


Source – Nay Htoo Naing
Rainbow- Cele Gabar