ဖားကန့်မှာ မြေပြိုကျတယ်ဆိုတဲ့ သတင်းကြောင့် ငိုခဲ့ရတယ်ဆိုတဲ့ ချစ်သုဝေ

Posted on

မြန်မာနိုင်ငံ ဖားကန့်မြို့မှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး မိသားစုဝင်တွေနဲ့ ထပ်တူ တစ်နိုင်ငံလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ မထင်မှတ်ထားတဲ့ သဘာ၀ ဘေးအန္တရယ်ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို မိသားစုတွေ သေကွဲကွဲရတဲ့ ဖြစ်ရပ်ကြီးက တကယ်ကိုတုန်လှုပ်စရာကောင်းလွန်းခဲ့တာပါ ။

ဒီသတင်းတွေကြောင့် တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်ကြရပြီး ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြပါဘူး ။ ပရိသတ်အချစ်တော် မင်းသမီးလေး ချစ်သုဝေကလည်း ဘဝအမော ဘဝအပူတွေဟာ သူ့နေရာနဲ့သူရေချိန်အတက်အကျနဲ့..မြေပြိုသတင်းတွေ ပုံတွေ မကြည့်ရက်သလို မကြည့်နိုင်ဘူးမြင်ရတိုင်းလည်းရင်ထဲစို့တက်ငိုမိတယ် ဘဝအပူအမောတွေကင်းပါစေ ဆိုတဲ့ စာသားလေးနဲ့အတူ ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

သူမရဲ့ ပရိသတ်တွေကလည်း သူမလိုပဲ ဒီသတင်းကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရတယ်လို့ မှတ်ချက်တွေရေးသားထားကြတာတွေ့ရပါတယ် ။ လူသားချင်းစာနာပြီး အမြဲကိုယ်ချင်းစာ တရားထားတတ်တဲ့ ထရီဇာတစ်ယောက် ဒီသတင်းကြောင့် ငိုတောင်ငိုခဲ့ရပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

Source : Chit Thu Wai
Emily (Cele Gabar)