အကယ်ဒမီမင်းသမီး တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပီပြင်လွန်းတဲ့ ဝါရင့်မင်းသမီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သားဖြစ်သူ ဘုန်းမင်းနေလ ကိုလည်း အနုပညာလမ်းကြောင်းပေါ် တင်ပေးပြီး သားအမိနှစ်ယောက် အတူတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ် ။
လတ်တလောမှာတော့ ရိုက်ကူးရေးများ ပြန်လည်ပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လာရောက်စစ်ဆေးမှုခံယူပြီးညွှန်ကြားချက်များ ချထားနိုင်ရေးသရုပ်ပြရိုက်ကူးရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ဒီသတင်းကို ခင်ဇာခြည်ကျော်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ရိုက်ကူးရေးအမှတ်ရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကိုပြန်လည်မျှဝေပေးထားပါသေးတယ် ။
မတွေ့တာကြာ တဲ့ အနုပညာ မောင်နှမ တွေ ပြန်တွေ့တာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး အမြန်ဆုံး ပြန်လည် ရိုက်ကူး ခွင့်ရပါရစေလို့လည်း ရေးသားထားပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် သရုပ်ပြရိုက်ကူးနေရေး ရှုတင်ပုံရိပ်တွေကို အခုပဲမျှဝေပေးလိုက်ပါတယ်နော် ။
Source : Khin Zarchi Kyaw
Emily (Cele Gabar)