ချစ်ရတဲ့ ဇနီးဖြစ်သူရွှေမှုံရတီအတွက် ထူးထူးခြားခြား Surprise လုပ်ပေးခဲ့တဲ့ ရွှေထူး

Posted on

ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဆယ်လီစုံတွဲတွေဆိုရင်တော့ ရွှေစုံတွဲလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ရွှေမှုံရတီ နဲ့ ရွှေထူးတို့ ဇနီးမောင်နှံကိုတော့ ချန်လှပ်ထားလို့ မရပါဘူးနော် ။ အမြဲတမ်း အရိုတလိုင်းနဲ့ ပရိသတ်တွေ အားကျအောင်လုပ်နေကြတဲ့ သူတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကို တစ်ယောက် အမြဲလိုလို Surprise တွေလုပ်လေ့ရှိတဲ့ အနုပညာရှင်တွေပါ ။

လတ်တလောမှာတော့ ရွှေထူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ချစ်စရာကောင်းတဲ့ သူတို့စုံတွဲရဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာခဲ့ပါတယ် ။ မိန်မိန်းအတွက် surprise Surprise လုပ်တာက ကိုယ်ချစ်ရတဲ့သူတွေကို ပျော်ရွှင်စေပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူ့အတွက် အမြဲဟင်းတွေချက်ကျွေးနေတဲ့ ရွှေမှုံအတွက် အစားသောက်လေးတွေ မှာပေးပြီး Surprise လုပ်ခဲ့တာပဲဖြစ်ပါတယ် ။

\

ပရိသတ်တွေကတော့ အမြဲလိုလိုရိုလွန်းနေလို့ အားကျနေရပြီလို့ မှတ်ချက်လေးတွေရေးသားထားကြပြီး ကိုယ်တိုင်များချက်ကျွေးမလားလို့ Food Panda က မှာကျွေးတယ် ဆိုပြီး စနောက်နေကြတာလည်းတွေ့ရပါတယ် ။ ရွှေစုံတွဲကိုချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် ရွှေထူးရဲ့ မိန်မိန်းအတွက် surprise ဆိုတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/YourMyCandy/posts/10214909113081946

Source : Htoo Khant
Emily (Cele Gabar)