ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြတဲ့ မြင့်မြတ်မန်နေဂျာနဲ့ မြတ်သူလေးရဲ့ ကြည်နူးဖွယ်အလှူလေး

Posted on

ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သလို သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် လူကြီးလူငယ်မရွေး သဘောကျတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မြင့်မြတ်က မကြာခဏဆိုသလို လိုအပ်တဲ့နေရာတွေမှာလှူဒါန်းတတ်တဲ့ သဒ္ဒါတရားထက်သန်တဲ့ မင်းသားတစ်ယောက်ဆိုလည်းမမှားပါဘူး ပရိသတ်ကြီးရေ ..။

ဒီနေ့ ဇူလိုင်လ (၄) ရက်နေ့မှာတော့ သရုပ်ဆောင်မြင့်မြတ်ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်ဖြတ်သန်းမှု ပုံရိပ်တွေကို အမြဲမျှဝေပေးနေတဲ့ မြင့်မြတ်မန်နေဂျာဖြစ်တဲ့ ကိုမြတ်ဝေထွန်းက ဂျူနီယာ ဂျင်းကောင်လေး မြတ်သူနဲ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ အနန္တော အနန္တငါးပါး ဦးထိပ်ထားလျက် ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပန်ဆင်၍ ဝါဆိုသင်္ကန်းကပ်လှူဒါန်း ကုသိုလ်ကောင်းမှုများပြုခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ကြည်နူးဖွယ်အလှူပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ် ။

မြင့်မြတ်ရဲ့ မန်နေဂျာ ကိုမြတ်ဝေထွန်းကတော့ မြတ်သူလေးနဲ့ အမြဲတမ်း သွားအတူ လာအတူ ပုံရိပ်လေးတွေကို မြတ်သူလေးကိုချစ်တဲ့ ပရိသတ်တွေအတွက် ဖေ့ဘုတ်စာမျက်နှာထက်မှာ အမြဲမျှဝေပေးနေတာပါ ။ Cele Gabar ပရိသတ်ကြီးအတွက်လည်း မြတ်သူလေးနဲ့ ကိုမြတ်ဝေထွန်းတို့ရဲ့ ဝါဆိုသင်္ကန်းကပ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Myat Wai Tun
Emily (Cele Gabar)