ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမအီးတီရဲ့နှစ်(၆၀) ပြည့်မွေးနေ့ကိုရည်မှန်းပြီး အလှူလုပ်ပေးခဲ့တဲ့ စည်ဖြိုး

Posted on

စည်ဖြိုးကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသားတစ်လက်ဖြစ်တာမို့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ အလှူအတန်းရက်ရောလွန်းတဲ့မိခင်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကိုယ်တိုင်လည်း ဘာသာ၊သာသနာအတွက် လက်မနှေးလှူဒါန်းလေ့ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

 သူတို့မိသားစုလေးကတော့ အလှူမလုပ်ဖြစ်တဲ့ရက်မရှိလောက်အောင် အလှူရေစက်လက်နဲ့မကွာလှူဒါန်းလေ့ရှိသူတွေလည်း ဖြစ်ပါတယ် ပရိသတ်ကြီးရေ.. မနေ့ကတော့ ညီငယ်ရဲ့(၂၄) နှစ်ပြည့်မွေးနေ့အလှူအတွက် ကျိုက်မရောဆရာတော်ဘုရားထံမှာ ငွေကျပ်သိန်း(၁၀၀)နဲ့ ဆွမ်းကပ်လှူဒါန်းခဲ့သလို ဒီနေ့မှာလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာမအီးတီရဲ့ နှစ်(၆၀) ပြည့်မွေးနေ့ကို ရည်စူးပြီးအလှူလေးတစ်ခုပြုလုပ်ပေးခဲ့ပြန်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မန္တလေးပရိယတ္တိစာသင်တိုက်မှ သံဃာ(၄၄)ပါး၊ သီလရှင် (၁၅)ပါးတို့အတွက် နေ့ဆွမ်းနဲ့ ဝတ္ထုငွေတို့ကို မြေးအဘွားနှစ်ယောက်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း စည်ဖြိုးကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ.. အလှူရေစက် လက်နဲ့မကွာလှူဒါန်းနေတဲ့စည်ဖြိုးတို့မိသားစုရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။


Source – Si Phyo
Rainbow- Cele Gabar