ငါးလွှတ်ကုသိုလ်ယူရင်း ခုနှစ်ရက်သားသမီးကို ဆုတောင်းပေးခဲ့တဲ့ ကျော်ထက်ဇော်

Posted on

မင်းသားချောကျော်ထက်ဇော်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေကချစ်ခင်အားပေးမှုများခဲ့ကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်းဇာတ်ကားမှာလည်း နှစ်ကိုယ်ခွဲဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်အချစ်ကို ရရှိထားပါသေးတယ်။


ကျော်ထက်ဇော်ကတော့ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို အားလပ်ချိန်တွေကိုလည်း အကျိုးရှိရှိအသုံးချတတ်သူပါ။ သူ့ရဲ့ဖေ့ဘွတ်မှာ “မနက်စောစော ငါးလွှတ်ကုသိုလ်ယူရင်းကျနော်ချစ်သော ကျနော့်ကိုချစ်သော ၇ရက်သားသမီးများ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိစေဖို့ ဆုတောင်းပေးပါတယ်ခင်ဗျ “ဆိုပြီးတော့ ရေးသားထားပါသေးတယ်။


ငါးလွှတ်ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေခဲ့တာကြောင့် ပရိသတ်တွေကလည်း သူ့ရဲ့အလှူလေးကို ချီးကျူးတဲ့မှတ်ချက်လေးတွေပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကျော်ထက်ဇော်ရဲ့ကုသိုလ်အလှူလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်….
Source : KyawHtetZaw