အလှူဖြစ်မြောက်ဖို့အတွက် ရောင်းတဲ့ပစ္စည်းတွေကို ဈေးမသတ်မှတ်ဘဲ အလှူငွေပဲလက်ခံသွားမယ့် ဖိုးချစ်

Posted on

မကြာသေးခင်က ဖားကန့်၊ဝှေခါမှော်အတွင်းမှာ ဖြစ်ခဲ့တဲ့ကမ်းပါးပြိုမှုကိုတော့ ပရိသတ်တွေလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ကြရမှာပါ။ လူ့အသက်ပေါင်းများစွာ တစ်ခဏထဲမှာ ဝါးမြိုခံလိုက်ရတာကြောင့် သေဆုံးသူတွေရဲ့မိသားစုဝင်တွေသာမက ပြည်သူတစ်ရပ်လုံးရင်ထုမနာ ဖြစ်ခဲ့ရမှာ အမှန်ပါပဲ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိုးချစ်ကတော့ နစ်နာသူတွေကိုကူညီနိုင်ဖို့ အွန်လိုင်းပရဟိတဈေးရောင်းပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပြီး ဒီနေ့မှာတော့ နယ်မြို့နဲ့ ရန်ကုန်မြို့က ပရိသတ်တွေဝယ်ယူနိုင်မယ့်အရာတချို့ကို မျှဝေပေးခဲ့ပါတယ်။ နယ်မှ မိသားစုများအတွက် (၁) ဇော်ဂျီမြန်မာ နှလုံးသည်းခြေဆေး(၂) ပိုသူလှူလိုသူကူ အသင့်စားငါးရံ့ခြောက် (၃) ပို/လို အားလူးကြော်ထုတ် (၄) ပို/ လို အမှတ်တရအင်္ကျီ များ (၅) ပို/လို တံဆိပ် ပန်းအိုးလေးများ ( ပန်းအစစ် ) စသည်ဖြင့် ရောင်းချရန်စီစဉ်ထားပြီး

ရန်ကုန်မြို့ကမိတ်ဆွေများအတွက် ကိုယ်တိုင်ချက် သီးစုံချဉ်ရည်၊ ဝက်သားကြာညှို့နှပ်၊ ကြာဆံဟင်းခါး စသည်တို့ကို ရောင်းချပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် သူရောင်းချမယ့်ပစ္စည်းတွေကို ဈေးသတ်မှတ်ထားခြင်းမရှိဘဲ မှာတာနဲ့ပို့ပေးပြီး လှူလိုက်တဲ့ငွေအားလုံးကို ပြန်လည်လှူဒါန်းပေးသွားမှာပါတဲ့။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ… ဖားကန့်က နစ်နာသူတွေအတွက် အင်တိုက်အားတိုက်ကူညီနိုင်ဖို့ကြိုးစားနေတဲ့ ဖိုးချစ်ရဲ့အလှူလေးကို ဝိုင်းဝန်းကူညီလိုက်ပါဦးနော်။


Source – Phoe Chit
Rainbow- Cele Gabar