အမိုက်စားဖြစ်အောင် စတိုင်ကျကျဝတ်နည်းတွေကို ကိုယ်တိုင်ဝတ်ဆင်ပြလိုက်တဲ့ မိုးဟေကို

Posted on

မိုးဟေကိုကတော့ အလှဘုရင်မတစ်ယောက်လို့ တင်စားခံရသူမင်းသမီးတစ်လက်ပါ။ ပြီးပြည့်စုံတဲ့အလှအပြင် နေရာဒေသအလိုက်ပွဲလယ်တင့်အောင် ဖက်ရှင်ကျကျဝတ်ဆင်တတ်လွန်းတာကြောင့်လည်း အများအာရုံစိုက်မှုကိုရရှိထားသူတစ်ယောက်ပါ။ အခုလည်း စတိုင်အမျိုးမျိုးနဲ့ဖက်ရှင်ကျအောင်ဝတ်ဆင်နည်းကို ပရိသတ်ကိုမျှဝေပေးလာတာပါ။


မိုးဟေကိုကတော့ အခုနောက်ပိုင်းမှာ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို ပြန်လည်မျှဝေပေးလေ့ရှိတာပါ။ မကြာသေးခင်ကသူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်ခဲ့တာကိုလည်း ဗီဒီယိုနဲ့တကွမျှဝေခဲ့သလို အိမ်ရဲ့ဥယျာဉ်လေးကိုစိတ်ကြိုက်ပုံဖော်တဲ့အခါမှာလည်း ပရိသတ်တွေကိုထပ်တူခံစားစေတဲ့ ဗီဒီယိုလေးတွေလုပ်လေ့ရှိတာပါ။ အခုလည်း “Stay Home ကာလမှာ အပြင်မထွက်ရလည်း Fashion ကျကျလေးဝတ်ပြီး ဓာတ်ပုံလေးတွေရိုက်ကြည့်နော်။ မိုးဘယ် Outfit လေးနဲ့ အလိုက်ဆုံးဆိုတာလေးကိုရော ပြောပြသွားပေးပါဦး” ဆိုပြီးတော့ ဗီဒီယိုဖိုင်နဲ့အတူမျှဝေလာတာပါ။

မိုးဟေကိုကတော့ ဘာဝတ်ဝတ်လိုက်ဖက်လွန်းသူတစ်ယောက်ပါ။ အခုလည်း စတိုင်ကျကျဝတ်ပုံလေးတွေကို ပြန်လည်မျှဝေခဲ့တာကြောင့် မိုးဟေကိုလို လိုက်ဝတ်ဖို့အတွက်စိတ်ကူးရသွားတဲ့သူတွေရှိလားနော်….
Source:MoeHayKo