အကြီးဆုံးသားဖြစ်သူရဲ့(၁၄) နှစ်ပြည့်မွေးနေ့မှာ ကျေနပ်ကြည်နူးနေတဲ့ ရတနာခင်

Posted on

တစ်ချိန်ကပရိသတ်အချစ်တွေကို ရယူထားနိုင်တဲ့နာမည်ကျော်မင်းသမီးတွေထဲမှာတော့ ရတနာခင်လည်းအပါအဝင်ပါ။ အခုအချိန်မှာတော့ မိသားစုအတွက်အချိန်ပေးပြီး အနုပညာအလုပ်တွေကို ရပ်တန့်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။ ရတနာခင်ကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာရှိနေတုန်းဖြစ်ပြီး ချစ်ခင်တဲ့ပရိသတ်တွေအခုအချိန်အထိရှိနေတုန်းပဲ ဖြစ်ပါတယ်။


ရတနာခင်ကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ အကြီးဆုံးသားဖြစ်သူရဲ့မွေးနေ့ကို “Happy Birthday Zwe Oo Htet ၁၄ နှစ်ပြည့်သွားပြီနော် မာမားစိတ်ထဲမှာတော့ ကလေးလေးဘဲ ရှိသေးတယ် ချစ်လို့မဝသေးဘူး၊ နမ်းလို့ မဝသေးဘူး၊ သားကြီး ဘဝတလျှောက်လုံး ကိုယ်စိတ်၂ ပါးကျန်းမာချမ်းသာပါစေ ၊ သူတော်ကောင်းများနှင့်သာ ဆုံတွေ့ပြီး သူယုတ်မာတို့၏ရန်မှကင်းဝေးပါစေ ၊ အကိုကြီးအဖအရာ ဆိုတဲ့အတိုင်း မိသားစုမှာသားအကြီးဆုံး မို့လို့ အရာရာကိုဦးဆောင်နိုင်တဲ့သူ, ကာကွယ်စောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ ” ဆိုပြီးတော့ ဆုမွန်ကောင်းတွေတောင်းထားပါတယ်။


ရတနာခင်ကတော့ သားသုံးယောက်လုံးရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ကြည်နူးစရာကောင်းတဲ့မွေးနေ့အခိုက်အတန့်လေးကိုလည်း ပရိသတ်တွေကို မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။ မိဘတိုင်းကတေ့ာသားသမီးတွေအပေါ်မှာမေတ္တာကြီးမားကြတာဖြစ်ပြီး ရတနာခင်ကတော့ (၁၄) နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ သားကြီးအပေါ်မှာ ကလေးလေးလို့ထင်နေတုန်းလို့ဆိုပါတယ်။
Source : YadanarKhin